Connect with us

Culture & Entertainment

ရခိုင် ရိုးရာ ယဉ်ကျေးမှု အစဉ်အလာ နှင့် အညီ ရခိုင် ရိုးရာ နံ့သာသွေးပွဲ စတင် ကျင်းပ


ရန်ကုန် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)

၁၄ ကြိမ်မြောက် ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန် ပွဲတော်(ရန်ကုန်)ကို ရခိုင် ရိုးရာ ယဉ်ကျေးမှု အစဉ်အလာ နှင့် အညီ ယနေ့ဧပြီ ၁၂ ရက်တွင် ရခိုင်ရိုးရာ နံ့သာသွေးပွဲအား ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ စတင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရခိုင် ရိုးရာ နံ့သာသွေးပွဲသည် ရခိုင် သြင်္ကန် နှင့် အတူ ပေါ်ပေါက်လာသည့် ပွဲဖြစ်ပြီး ရခိုင်သြင်္ကန်သည် ဘီစီ ၅၆၈ ခုနှစ်တွင် ပေါ်ပေါက် လာခဲ့ကြောင်း ၊ ရခိုင် သြင်္ကန်၏ ထူးခြားမှုမှာ ဘုရားအား ရေမသပ္ပာယ်ဘဲ ရေမကစား ရကြောင်း ၊ ဘုရားအား နံ့သာရေဖြင့် ပူဇော် သပ္ပာယ် ပြီးမှသာ ရေကစားကြကြောင်း ၊ ယင်းမှာ ရခိုင်တို့၏ ထူးခြားသည့် ဓလေ့ထုံးစံ တစ်ခု ဖြစ်ကြောင်း ရခိုင် သြင်္ကန် ဖြစ်မြောက်ရေး အဖွဲ့ဒုတိယ ဥက္ကဋ္ဌ ဒေါ်မြမေက ဆင်ဟွာသို့ပြောသည်။ယခုနှစ်တွင် ကျင်းပပြုလုပ်သည့် ရခိုင် ရိုးရာ နံ့သာသွေးပွဲတွင် မြို့နယ် ၊ ကျောင်းသား ကိုယ်စားပြု အသင်း ၂၀ ပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ရခိုင် ရိုးရာ နံ့သာသွေးပွဲ ကျင်းပမှု မြင်ကွင်းများ(ဆင်ဟွာ)

ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန် ပွဲတော်(ရန်ကုန်)ကို ရခိုင်ပြည်နယ် ဓမ္မာရုံ၌ ဧပြီ ၁၂ ရက် တွင် နံ့သာ သွေးပွဲ ကျင်းပကာ ဧပြီ ၁၃ ရက် နံနက်ပိုင်းတွင် ဘုရား ရေသပ္ပာယ်ပွဲအား ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး နေ့လည်ပိုင်းတွင် သုဝဏ္ဏ ဘောလုံးကွင်း၌ ရခိုင်သြင်္ကန် ရီလောင်းပွဲ ဖွင့်ပွဲ အခမ်းအနားအား ကျင်းပ သွားမည် ဖြစ်ကြောင်း ၊ သြင်္ကန် ပွဲတော် ရက်များ အတွင်း သုဝဏ္ဏ အားကစားကွင်း၌ ရခိုင်သြင်္ကန် ရီလောင်းပွဲနှင့် အတူ ရခိုင် စတိတ်ရှိုး ၊ စင်တင် တေးဂီတများဖြင့် ဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရသည်။၁၄ ကြိမ်မြောက် ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန် ပွဲတော်(ရန်ကုန်)ကို ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ ရခိုင် တိုင်းရင်းသား လူမျိုး ရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးပြီး ရခိုင် စာပေ နှင့် ယဉ်ကျေးမှု အဖွဲ့(ရန်ကုန်) နှင့် မြို့နယ် အသင်းများ ၊ ရခိုင် လူမှုရေး အသင်း အဖွဲ့များမှ စီစဉ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)