Connect with us

Culture & Entertainment

မွန်ပြည်နယ်ရှိ စာသင်ကျောင်းတစ်ကျောင်း၌ မြေတူးရာမှ ရှေးဟောင်းအုတ်ခွက်ဘုရားများ ထပ်မံ တူးဖော်တွေ့ရှိ

မြေတူးရာမှ တွေ့ရှိသော ရှေးဟောင်းအုတ်ခွက်ဘုရားများအား တွေ့ရစဥ် (ဓာတ်ပုံ - MRTV)

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်၊ ရွှေစာရံဘုရားလမ်းရှိ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း မြေတူးရာမှ ရှေးဟောင်းအုတ်ခွက်ဘုရားများ ထပ်မံ တွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သော သတင်းအရ သိရသည်။အဆိုပါ ကျောင်းဝန်းအတွင်း ကျောင်းဆောင်သစ်ဆောက်လုပ်ရန် မြေတူးရာ သြဂုတ် ၃၀ ရက်တွင် ရှေးဟောင်းအုတ်ခွက်ဘုရား ၁၉ဆူ တွေ့ရှိခဲ့ပြီး
စက်တင်ဘာ ၁၅ ရက်နေ့၌ မုဒြာပုံစံ အမျိုးမျိုးဖြင့် ရုပ်လုံးပေါ် ရှေးဟောင်းအုတ်ခွက်ဘုရား ၁၃၈ဆူနှင့် အကျိုးအပဲ့ ရှေးဟောင်းအုတ်ခွက်ဘုရား ၂၂၄ ဆူ စုစုပေါင်း ၃၆၂ ဆူ ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

မြေတူးရာမှ တွေ့ရှိသော ရှေးဟောင်းအုတ်ခွက်ဘုရားများအား တွေ့ရစဥ် (ဓာတ်ပုံ – MRTV)

” မွန်ပြည်နယ်ဘက်ဆိုရင် ပျူခေတ် ခေတ်ပြိုင်ခေတ်ကလို့ လောလောဆယ် ခန့်မှန်းလို့ရပါတယ်၊ သေချာ သုတေသန လုပ်ကြည့်မှ ဒီထပ်ပို တိကျမှာပါ”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေးဌာနခွဲ၊ တူးဖော်၊ ရှေးပစ္စည်း၊ကမ္ပည်း ကျောက်စာဌာနစုမှ လက်ထောက် ညွှန်ကြားရေးမှူးဦးလှရွှေက ဆင်ဟွာသို့ပြောသည်။

ယင်းကျောင်းဝန်းအတွင်း ပထမအကြိမ် တွေ့ရှိခဲ့သည့် ရှေးဟောင်းအုတ်ခွက်ဘုရား ၁၉ဆူကို မွန်ပြည်နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ အပ်နှံ့ခဲ့ကြောင်း သိရသည်

ကျောင်းဝန်းအတွင်း ထပ်မံတူးဖော်ရရှိခဲ့သည့် ရှေးဟောင်းအုတ်ခွက်ဘုရားများကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိ အဆိုပါ ဘုရားများကို ကျောင်းဝန်းအတွင်း ထားရှိထားကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117