Connect with us

Education & Health

ပရဆေးများကို ပြည်ပသို့ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၉၅ သန်း တင်ပို့နိုင်

ဈေးကွက်အတွင်း ရောင်းချနေသော ပရဆေးများအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ ပရဆေးများကို ပြည်ပပို့ကုန်အဖြစ် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၉၅ သန်း တင်ပို့နိုင်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

မြန်မာနိုင်ငံရှိ ပရဆေးများကို ပြည်ပပို့ကုန်အဖြစ် ကုန်သွယ်ဖက်နိုင်ငံများသို့ တင်ပို့ရန်ပို့ကုန်လိုင်စင်များ ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ ပြည်ပသို့ပရ ဆေး တင်ပို့မှု အနေဖြင့်၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် တန်ချိန်၂၂၆၁၁ ဒသမ ၃၅၄ တန် အမေရိကန် ဒေါ် လာ ၁၂ ဒသမ ၆၆ဝ သန်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၄၉၁၈ ဒသမ ၈၈၁ တန် အမေရိကန်ဒေါ်လာ ၉ ဒသမ ဝဝ၉ သန်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် တန်ချိန်၂၁၁၅၉ ဒ သမ ၇ဝ၃ တန် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၈၉၅ သန်း တင်ပို့နိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။

တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့်ဌာနပိုင် တိုင်းရင်းဆေးဥယျာဉ်ကြီး ကိုးခုရှိပြီး မျိုးထိန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ထွက်ရှိ လာသောမျိုးများကို ကုသရေး လုပ်ငန်းများတွင်အသုံးပြုနိုင်ရန် အတွက် တိုင်းရင်းဆေးများကို စနစ်တကျ ထုတ်လုပ်လျက်ရှိကြောင်း ဝန်ကြီးကပြောသည်။

မြန်မာနိုင်ငံဒေသအနှံ့အပြား တောင်ပေါ်မြေပြန့်ရှိ အသုံးချသဘာဝ သယံဇာတအပင် နှင့် ဆေးပစ္စည်းတို့အား စနစ်တကျစိုက်ပျိုးထုတ်လုပ်၍ ဒေသဖွံ့ဖြိုးရေးအတွက် ပြည်ပပို့ကုန်များအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်ပတ်သက်ပြီး ဒုတိယအကြိမ် အမျိုးသားလွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး ၂၁ ရက်မြောက် နေ့၌ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းဖြေကြားခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.