Connect with us

Education & Health

မူလတန်းကျောင်းများတွင် အာဟာရအခြေအနေပြောင်းလဲမှု လေ့လာခြင်း သုတေသန ဆက်လက် လုပ်ဆောင်မည်

အာဟာရအခြေအနေပြောင်းလဲမှု လေ့လာခြင်း သုတေသန အခမ်းအနား ကျင်းပစဉ်(ဓာတ်ပုံ-ကျန်းမာရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ မူလတန်းကျောင်းများတွင် အစားအသောက်များ ဖြည့်စွက်ကျွေးမွေးခြင်းကြောင့် ကျောင်းသားကျောင်းသူများ၏ အာဟာရအခြေအနေပြောင်းလဲမှုကို လေ့လာခြင်း သုတေသန ဆက်လက်လုပ် ဆောင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောကြားသည်။

အဆိုပါ သုတေသနလုပ်ငန်းများအတွက် ဝန်ကြီးဌာနအနေဖြင့် သုတေသနရန်ပုံငွေများကို တိုးမြှင့်ချထားလျက်ရှိကြောင်း၊ ၂၀၁၉-၂၀၂၀တွင် ကျပ်သန်း (၃၀၀၀) ခွင့်ပြုချထားပြီး ၂၀၂၀-၂၀၂၁တွင် အိန္ဒိယနိုင်ငံ ICMR နှင့် နားလည်မှုစာချွန်လွှာရေးထိုး၍ သုတေသနလုပ်ငန်းများကို ပူးပေါင်းဆောင် ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

သုတေသနလုပ်ငန်းများအပါအဝင် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ၏ အမြင်၊ ပြည်သူများဘက်မှကြည့်၍ စဉ်းစားလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ သို့မှသာ စီမံကိန်းများ၊ လုပ်ငန်းစဉ်များသည် လက်တွေ့ကျ၍ ထိ ရောက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သက်ဆိုင်ရာဒေသအလိုက်ထွက်ရှိသော ဒေသထွက်အစားအသောက်များကို ကျောင်းများတွင် ဖြည့်စွက်စာအဖြစ် ကျွေးမွေးစေခြင်းဖြင့် ပိုမိုထိရောက်အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊မူလတန်းကျောင်းများတွင် အစားအသောက်များ ဖြည့်စွက်ကျွေးမွေးခြင်းကြောင့် ကျောင်းသားကျောင်းသူများ၏ အာဟာရအခြေအနေပြောင်းလဲမှုကို လေ့လာခြင်း သုတေသနတွေ့ရှိချက်များအား အသိပေးတင်ပြခြင်း အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၅ ရက်တွင် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်)၌ ကျင်းပခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117