Connect with us

Education & Health

၂ဝ၁၆-၂ဝ၁၇ ပညာ သင်နှစ်တွင် သူငယ်တန်း၏ သင်ရိုးအသစ် ပြောင်းလဲ သင်ကြားမည့် အစီအစဉ်ကို စတင်မည်

မြန်မာနိုင်ငံရှိ မူလတန်းကျောင်း တစ်ကျောင်းတွင် စာသင်ကြားနေသော ကျောင်းသားလေးများ အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

လာမည့် ၂ဝ၁၆-၂ဝ၁၇ ပညာ သင်နှစ်တွင် သူငယ်တန်း၏ သင်ရိုးအသစ် ပြောင်းလဲ သင်ကြားမည့် အစီအစဉ်ကို စတင် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ရာ အဆိုပါ သင်ရိုးအသစ် ပြောင်းလဲ သင်ကြားခြင်းကို ပြဋ္ဌာန်းပြီးသည့် အမျိုးသား ပညာရေး ဥပဒေနှင့်အညီ ပြုလုပ်ခြင်း ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် အခမဲ့ ပညာရေး အတွက် စုစုပေါင်း ငွေကျပ် ၂၉ ဘီလီယံ သုံးစွဲခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

လက်ရှိတွင် ဘက်စုံ လွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာ သုံးသပ်ရေး လုပ်ငန်း (Comprehensive Education Sector Review- CESR) ကို ပြည်တွင်း ပြည်ပ ပညာရှင်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များ ပါဝင်သည့် အဖွဲ့များက အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက် ခဲ့ကြောင်း၊ ပထမအဆင့် အနေဖြင့် အချိန်တို အတွင်း အကဲဖြတ်ခြင်း၊ ဒုတိယ အဆင့်တွင် အသေးစိတ် လေ့လာ ဆန်းစစ်ခြင်းနှင့် တတိယ အဆင့်တွင် ပညာရေးကဏ္ဍ စီမံကိန်း ရေးဆွဲခြင်း တို့ကို ဆောင်ရွက်ခဲ့ပြီး CESR ၏ ပညာရေး ကဏ္ဍ ငါးနှစ် စီမံကိန်း (၂ဝ၁၆-၂ဝ၂ဝ) ကိုလည်း ပြုစုထားပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.