Connect with us

Education & Health

၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေးသီတင်းပတ်၏ ပထမဆုံးရက်၌ ကျောင်းသား/သူ ၁၆ သိန်းကျော် ကျောင်းအပ်နှံ

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံနေသော ကျောင်းသူ/ကျောင်းသားများအားတွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ မေ ၂၇ ရက် (ဆင်ဟွာ)

၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေးသီတင်းပတ်၏ ပထမဆုံးရက် (မေ ၂၆ ရက်) ၌ မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသည့် ကျောင်းသား/သူ ဦးရေ ၁၆ သိန်းကျော်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံနေသော ကျောင်းသူ/ကျောင်းသားများအားတွေ့ရစဉ် (ဓာတ်ပုံ- MOI)

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံနေသော ကျောင်းသူ/ကျောင်းသားများအားတွေ့ရစဉ် (ဓာတ်ပုံ- MOI)

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံနေသော ကျောင်းသူ/ကျောင်းသားများအားတွေ့ရစဉ် (ဓာတ်ပုံ- MOI)

“KG ကနေ GRADE-11 အထိ ကျောင်းအပ်သူ ရာချီရှိတယ်၊ ဘာငွေရေးကြေးရေးမှ အကုန်အကျမရှိပါဘူး၊ ကျောင်းသုံးဖတ်စာနဲ့ စာအုပ်တွေ ထောက်ပံ့ပေးတယ်” ဟု ဇဗ္မူသိရီမြို့နယ်အတွင်းရှိ အထက (၉) ကျောင်းမှ ကျောင်းအပ်လက်ခံပေးသည့် ဆရာမတစ်ဦးက ပြောသည်။

“၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်ရှိ
အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့ မေ ၂၆ ရက် နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၀၄) ကျောင်း၌ KG တန်းမှ GRADE-11 အထိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းအပ်နှံသူများပြားခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာဦးစီးဌာနလက်အောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် (၂) ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်ထိ သတ်မှတ်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.