Connect with us

Environment, Disasters & Accidents

မကွေးတိုင်းဒေသကြီးအတွင်း တပ်မတော်တိုက်လေယာဉ် နှစ်စီးပျက်ကျပြီး သုံးဦးသေဆုံး


ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် ယနေ့ နံနက်တွင် တိုက်လေယာဉ် နှစ်စီးပျက်ကျပြီး လေယာဉ်မှူးနှစ်ဦး ကျဆုံးကာ မြေပြင်ရှိ ကျောင်းသူတစ်ဦး သေဆုံးခဲ့ကြောင်း တပ်မတော်(လေ)မှ စုံစမ်းသိရှိရသည်။

တိုက်လေယာဉ်များသည် မကွေးမြို့မှ အမ်းမြို့သို့ ဝေဟင်မှ မြေပြင် စက်ပစ်ကွင်းသို့ သွားရောက်စဉ် အစွန်ဆုံးတစ်စီးသည် တာဝါတိုင်ကို တိုက်ကာ ဘေးရှိ တိုက်လေယာဉ် တစ်စီးအား တောင်ပံချင်း ခတ်မိပြီး တိုက်လေယာဉ်နှစ်စီးလုံး ပျက်ကျခဲ့ကြောင်း ကနဦး သတင်းရရှိထားကြောင်း သိရသည်။

တပ်မတော်တိုက်လေယာဉ် နှစ်စီးပျက်ကျမှုအားတွေ့ရစဉ်(လွှတ်တော်ကိုယ်စားလှယ်)

အဆိုပါ တိုက်လေယာဉ်နှစ်စီးသည် မင်းဘူးမြို့နယ် ဆားဗွက်ချောင်းအနီးတွင် တစ်စီး၊ သနပ်ပင်စုကျေးရွာအနီးတွင် တစ်စီး စုစုပေါင်း တိုက်လေယာဉ် ၂ စီးပျက်ကျကာ လေယာဉ်မှူး နှစ်ဦးလုံး ကျဆုံးခဲ့ကြောင်း သိရသည်။

ယင်းပျက်ကျသော လေယာဉ်အပိုင်းအစများထိမှန်ပြီး မြေပြင်ရှိ ကျောင်းသူတစ်ဦးလည်း သေဆုံးခဲ့ကြောင်း၊ တိုက်လေယာဉ်နှစ်စီး ပျက်ကျမှုအား တပ်မတော်(လေ)မှ တာဝန်ရှိသူများ လာရောက် စစ်ဆေးနေကြောင်း မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.