Connect with us

Environment, Disasters & Accidents

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၌ ဒိုင်နာ ၆ ဘီးယာဉ် တိမ်းမှောက်မှုကြောင့် ၁ ဦးသေ၊ ၂၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွား

ဒိုင်နာ ၆ ဘီးယာဉ်တိမ်းမှောက်ပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၌ 3A/×××× ဒိုင်နာ ၆ ဘီးယာဉ် တိမ်းမှောက်မှုကြောင့် ၁ ဦးသေ၊ ၂၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့၊ ၁၅း၀၀နာရီ အချိန် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ထောက်ရှာတန်းကျေးရွာအနီး ထောက်ရှာတန်း- ဇင်းဗျိုး-ကြာအင်းကျေးရွာချင်းဆက်လမ်း မိုင်တိုင်(၁/၄)အနီး၌ မြို့သစ်မြို့စည်ပင်သာယာဈေးမှ ထောက်ရှာတန်း ကျေးရွာသို့ လွင်မိုးသူ(၂၅)နှစ် မောင်းနှင်သည့် BGO 3A/×××× DYNA ၆ ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်သို့ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ယာဉ်ပေါ်ပါ ခရီးသည် ၃၀ ဦးခန့်အနက် မောင်ရဲရင့်ဖုန်းမြတ်(၂)နှစ်သည် ယာချိုစောင်းဖူးရောင် ပေါက်ပြဲဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ဦးကျော်ငြိမ်း(၆၁)နှစ် နှင့် အတူ ၆ ဦး(ကျား ၁၊ မ ၅)တို့တွင် ဦးခေါင်း/လည်ပင်း ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများ(စိုးရိမ်ရ)နှင့် ဦးဘိုနီ(၅၀)နှစ်နှင့် ၁၅ ဦး(ကျား ၂၊ မ ၁၃) ဦးတို့တွင် ပွန်းပဲ့/ပေါက်ပြဲ ဒဏ်ရာများ(မစိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့် မြို့သစ်မြို့ ပြည်သူ့ ဆေးရုံသို့လည်းကောင်း၊ ဦးကျော်ငြိမ်းနှင့် ၁၄ ဦး(ကျား ၂၊မ ၁၂)တို့အား မကွေးမြို့ပြည်သူ့ဆေးရုံသို့ လည်းကောင်း အသီးသီးတင်ပို့ခဲ့ပြီး လွင်မိုးသူအား မြို့သစ်မြို့မရဲစခန်း ယာဉ်(ပ) ၅၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇(ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.