Connect with us

Environment, Disasters & Accidents

မြင်းမူမြို့နယ်၌ ခရီးသည်တင်ယာဉ်က သစ်ပင်အား ဝင်တိုက်မှုဖြစ်ပွား၊ ယာဉ်မောင်းနှင့် ခရီးသည်များ ဒဏ်ရာရရှိ


ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၌ ရွှေစြင်္ကာ ခရီးသည်တင်ယာဉ်က သစ်ပင်အား ဝင်တိုက်မိ၍ ယာဉ်မောင်းနှင့် ခရီးသည်များ ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ ၂၁း၄၅နာရီ တွင် မြင်းမူမြို့၊ မုံရွာ-မန္တလေး ကားလမ်း မိုင်တိုင်(၄၆/၅)မြို့ရှောင်လမ်းဆုံ၌ မုံရွာမှမန္တလေးဘက်သို့ စိုင်းလင်းဝေ(၄၃)နှစ် မောင်းနှင်ပြီး ဦးသန်းဇော်(၃၈)နှစ်ပါ ၄၀ ဦး(ခရီးသည်၊ ယာဉ်နောက်လိုက်)လိုက်ပါလာသော “ရွှေစြင်္ကာ” ခရီးသည်တင်မှန်လုံယာဉ်သည် အရှိန် မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိသစ်ပင်အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်မောင်း စိုင်းလင်းဝေတွင် နှုတ်ခမ်းပေါက်ပြဲ၊ ဝဲခြေသလုံးကျိုး(မစိုးရိမ်ရ)နှင့် ဦးသန်းဇော်ပါ ၁၄ ဦး (ကျား ၉၊ မ ၅)တို့တွင် ဖူးရောင်ပေါက်ပြဲပွန်းပဲ့ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မြင်းမူ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ပြီး ယာဉ်မောင်း စိုင်းလင်းဝေအား မန္တလေးပြည်သူ့ဆေးရုံ ကြီး သို့ လွှဲပြောင်းကုသခဲ့ကြောင်းနှင့် ယာဉ်မောင်း စိုင်းလင်းဝေအား မြင်းမူမြို့မရဲစခန်း ယာဉ်(ပ)၄၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇ /၂၇၉ (ပေါ့လျော့မှုကြောင့် ပြင်းထန်/ သာမန် နာကျင်စေမှု/ ယာဉ်မဆင်မခြင်မောင်းနှင်မှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.