Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ အတွင်း သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းစေမှု အတွက် ပြစ်ဒဏ် ချမှတ်အရေး ယူနိုင်သည့် ဥပဒေ ထုတ်ပြန်ရန် ကြိုးပမ်းလျက်ရှိ ဟုဆို

ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးကန်အတွင်း၌ ငါးဖမ်းသမား တစ်ဦး လှေလှော်နေသည်ကို မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အတွင်း သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းစေမှု အတွက် ပြစ်ဒဏ် ချမှတ်အရေး ယူနိုင်သည့် ပင်လယ် ရေကြောင်း ဥပဒေသစ် ထုတ်ပြန်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ဥပဒေနှင့် နည်းပညာစံများ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြား ချက်အရ သိရသည်။

အဆိုပါ ဥပဒေသစ် ထုတ်ပြန်မှုကို ၂၀၁၆ ခုနှစ်တွင် ဆောင်ရွက်သွားမည် ဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံ အတွင်း ဆောင်ရွက်လျက်ရှိသော ပင်လယ်ရေကြောင်း ဥပဒေတွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှု ထိန်းသိမ်းနိုင်ရန် ပြဋ္ဌာန်းထားခြင်း မရှိသည့်အတွက် ပြစ်ဒဏ်များဖြင့် အရေးယူနိုင်မည့် ဥပဒေကို ထပ်မံ ရေးဆွဲရခြင်း ဖြစ်ကြောင်း၊ ပြည်တွင်း၌ လာရောက် လုပ်ကိုင်သည့် ပြည်ပ စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းရှင်များ သည်လည်း မြန်မာနိုင်ငံ၌ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့်ပတ်သက်သော ဥပဒေ မရှိသေးသည့် အတွက် လိုက်နာမှု အားနည်းကြောင်း သိရသည်။

ဥပဒေတွင် လိုအပ်ချက်များ ရှိနေသည့် အတွက် အရေး ယူနိုင်မှု အပိုင်းများတွင် လည်းကောင်း၊ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးသွားသည့် ပမာဏကို ပြန်လည် လုပ်ဆောင် ပေးရမည့် လျော်ကြေး ကိစ္စများတွင် လည်းကောင်း ကိုင်တွယ်မှုအား နည်းခဲ့ရခြင်း ဖြစ်ကြောင်း၊ ထို အခြေအနေများကို ထိန်းသိမ်းနိုင်ရန် အတွက် ဥပဒေသစ်ကို ပီပီပြင်ပြင် အကောင်အထည် ဖော်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံ တကာ၌ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းသိမ်းမှု ဥပဒေကို ကျင့်သုံးလျက် ရှှိနေသည်မှာ နှစ်ကာလ ကြာမြင့် နေပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံ၌ ပထမဆုံး အနေဖြင့် ဖော်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)