Connect with us

Environment, Disasters & Accidents

ဟားခါးတွင် တပ်မတော်ရဟတ်ယာဉ်တစ်စီး တောင်စောင်းပေါ် ပျက်ကျရာ လူ ၅ဦး ဒဏ်ရာရရှိ

ယနေ့ ဟားခါးမြို့တွင် ပျက်ကျခဲ့သည့် တပ်မတော်ရဟတ်ယာဉ်အားတွေ့ရစဉ်(MRTV)

ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

ချင်းပြည်နယ် ဟားခါးမြို့၌ ယနေ့(မတ် ၂၉ ရက်)နံနက်ပိုင်းတွင် တပ်မတော်ရဟတ်ယာဉ်တစ်စီး တောင်စောင်းပေါ် ပျက်ကျမှုဖြစ်ပွားရာ ယာဥ်ပေါ်လိုက်ပါလာသူ (၅)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။“သေဆုံးမှုကတော့ မရှိပါဘူး။ ထိခိုက်ဒဏ်ရာရတာ ၅ ယောက်ရှိတယ်။ တပ်က နှစ်ယောက်၊ အရပ်ဘက်က သုံးယောက်ပေါ့။ အရပ်ဘက်က ပညာရေးဝန်ထမ်း” ဟု ၎င်းကဆိုသည်။

ယနေ့ ဟားခါးမြို့တွင် ပျက်ကျခဲ့သည့် တပ်မတော်ရဟတ်ယာဉ်အားတွေ့ရစဉ်(MRTV)

အဆိုပါ ရဟတ်ယာဉ်သည် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းများ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ၊လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် နေရာဖြစ်၍ တပ်မတော်ရဟတ်ယာဉ်အသုံးပြုသယ်ဆောင်ရခြင်းဖြစ်ကြောင်း၊ ယနေ့ နံနက် ၈နာရီ ၅၀ခန့်တွင် ကလေးမြို့မှ ရဟတ်ယာဉ်ထွက်ခွာလာပြီး ဟားခါးရှိ ရဟတ်ယာဉ်ကွင်းသို့ ဦးတည်ပျံသန်းစဥ် တောင်ပေါ်ဖြစ်သည့်အတွက် ရဟတ်ယာဉ်သည် အောက်မှ လေပင့်အားကြောင့် ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

ယနေ့ ဟားခါးမြို့တွင် ပျက်ကျခဲ့သည့် တပ်မတော်ရဟတ်ယာဉ်အားတွေ့ရစဉ်(MRTV)

ယနေ့ ဟားခါးမြို့တွင် ပျက်ကျခဲ့သည့် တပ်မတော်ရဟတ်ယာဉ်အားတွေ့ရစဉ်(MRTV)

ယနေ့ ဟားခါးမြို့တွင် ပျက်ကျခဲ့သည့် တပ်မတော်ရဟတ်ယာဉ်အားတွေ့ရစဉ်(MRTV)

ယနေ့ ဟားခါးမြို့တွင် ပျက်ကျခဲ့သည့် တပ်မတော်ရဟတ်ယာဉ်အားတွေ့ရစဉ်(MRTV)

ဟားခါးလေယာဉ်ကွင်းမှ မီတာ ၁၀၀ခန့် အကွာရှိ တောင်စောင်းပေါ်ပြုတ်ကျခဲ့ပြီး ရဟတ်ယာဉ်အမြီးပိုင်းကျိုးကာ အနည်းငယ် ပျက်စီးမှုရှိခဲ့ကြောင်း ၊ ယင်းပျက်ကျခဲ့သည့် ရဟတ်ယာဉ်အား ကရိန်းဖြင့် ပြန်ဆွဲနေကြောင်း သိရသည်။

ယင်း ရဟတ်ယာဉ်ဖြင့် သယ်ဆောင်လာသည့် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းများသည် ပျက်စီးမှုမရှိဘဲ သိမ်းဆည်းထားရှိမည့် တပ်သို့ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117