Connect with us

Environment, Disasters & Accidents

မန္တလေးတိုင်းဒေသကြီးတွင် ငလျင်ဒဏ်ကြောင့် ဘုရားစေတီ ၂၄၁ဆူ ပြိုကျပျက်စီး၊ လူ ၃ဦးသေဆုံး၊ နိုင်ငံခြားသားတစ်ဦး ဒဏ်ရာရရှိ

ငလျင်ဒဏ်ကြောင့် ပုဂံမြို့ရှိ ရှေးဟောင်းစေတီပုထိုး ပြိုကျနေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ဘုရားစေတီ ၂၄၁ ဆူပြိုကျပျက်စီးသွားပြီး လူ ၃ဦး သေဆုံးကာ နိုင်ငံခြားသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။

ယင်း ငလျင်ဒဏ်ကြောင့် ပခုက္ကူမြို့နယ်တွင် တစ်ဦး၊ ရေနံချောင်းတွင် ၂ဦးသေဆုံးပြီး ပုဂံတွင် နိုင်ငံခြားသားအချို့ ဒဏ်ရာရရှိခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး မြို့ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဘုရားစေတီ ပေါင်း ၁၈၇ ဆူ၊ ကျောက်ပန်း တောင်းမြို့နယ်တွင် ၂၈ ဆူ၊ မလှိုင်မြို့နယ်တွင် ၂ ဆူ၊ မြင်းခြံမြို့နယ်တွင် ၁၀ ဆူ၊ တောင် သာမြို့နယ် တွင် ၉ ဆူ၊ နွားထိုးကြီးမြို့နယ်တွင် ၁ ဆူ၊ ငါးဇွန် မြို့နယ်တွင် ၁ ဆူနှင့် ရမည်းသင်းမြို့နယ်တွင် ၃ ဆူ၊ စုစုပေါင်း ဘုရားစေတီ ၂၄၁ ဆူ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုကျပျက်စီးသွားသော ပုဂံမြို့ရှိ ရှေးဟောင်းဘုရားများကို အလျင်စလိုပြုပြင်မှုများ မပြုလုပ်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မှာထားကြောင်း၊ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော စေတီပုထိုးများအား ပညာရှင်များအကူ အညီဖြင့် ရှေးမူးမပျက် ပြန်လည်ပြုပြင် မည်ဖြစ်ကြောင်း ယနေ့ အစည်းအဝေး၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။
သြဂုတ်လ ၂၄ ရက်နေ့ ညနေက လှုပ်ခတ်ခဲ့သော အင်အား ရစ်(ခ်) တာစကေး ၆.၈ အဆင့်ရှိ အင်အား ပြင်း ထန်သော မြေငလျင် ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ပုဂံသို့ နိုင်ငံတော် သမ္မတ ဦးတင်ကျော်သွားရောက် လျှက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.