Connect with us

Environment, Disasters & Accidents

ဟဲဟိုးမြို့ နှင့် စစ်ကိုင်းမြို့တို့တွင် ယနေ့တွင် အပူချိန်စံချိန်သစ်မြင့်တက်ခဲ့

အပူချိန်စံချိန်သစ်မြင့်တက်မှုပြဇယားအားမြင်တွေ့ရစဉ် (ဓာတ်ပုံ--မိုးလေဝသ နှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန)

ရန်ကုန်၊ဧပြီ၁၀ရက်(ဆင်ဟွာ)

ဟဲဟိုးမြို့ နှင့် စစ်ကိုင်းမြို့တို့တွင် ယနေ့တွင် အပူချိန်စံချိန်သစ်မြင့်တက်ခဲ့ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

ဟဲဟိုးမြို့တွင် ၃၇ နှစ်အတွင်း စံချိန်တင်အပူချိန်မြင့်တက်ခဲ့ပြီး မူလက စံချိန်တင်ခဲ့သည့် အပူချိန်သည် ၃၆ ဒီဂရီစင်တီဂရိတ်မှ ယနေ့တွင် ၃၆.၄ ဒီဂရီစင်တီဂရိတ်သို့စံချိန်သစ်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းမြို့တွင် ၅၂ နှစ်အတွင်း စံချိန်သစ်တင်အောင်အပူချိန်မြင့်တက်ခဲ့ပြီး၊ အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၄၃.၅ ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံးအူချိန်စံချိန်သစ် ၄၃.၇ ဒီဂရီစင်တီဂရိတ်ကို မြင့်တက်ခဲ့ခြင်းဖြစ်သည်။
မိုးလေဝသနှင့်ဇလဗေဒပညာရှင်ဒေါက်တာထွန်းလွင်က “မြန်မာတစ်ပြည်လုံးမှာ ခရမ်းလွန်ရောင်ခြည် အညွှန်း ကိန်း လွန်ကဲတဲ့အဆင့်မှာရှိနေနိုင်ပါတယ်’’ ဟုပြောသည်။
တိုင်းထွာရရှိသည့် ခရမ်းလွန်ရောင်ခြည်ကျရောက်မှု အမြင့်ဆုံးအညွှန်းကိန်းများမှာ နေပြည်တော်တွင် (၇.၄)၊ ရန်ကုန်မြို့တွင် (၉.၁)နှင့် မန္တလေးမြို့တွင် (၇.၈)တို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ပူတာအိုမြို့တွင် (ဝ.၃၉)လက်မ၊ သရက်မြို့တွင် (ဝ.၃၅)လက်မနှင့် မချမ်းဘောမြို့တွင် (ဝ.၁၂)လက်မတို့ ဖြစကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် (၅)ဒီဂရီစင်တီဂရိတ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်ထိ ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။
ထူးခြားသည့် နေ့အပူချိန်များမှာ မြင်းခြံမြို့နှင့် ချောက်မြို့တို့တွင် (၄၅)ဒီဂရီစင်တီဂရိတ်စီ၊ မုံရွာမြို့၊ စစ်ကိုင်းမြို့၊ ရေဦးမြို့၊ မန္တလေးမြို့၊ ညောင်ဦး မြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့တို့တွင် (၄၄)ဒီဂရီစင်တီဂရိတ်စီ၊ ရွှေဘိုမြို့၊ အောင်လံမြို့၊ တောင်တွင်းကြီးမြို့နှင့်ဘော်လခဲမြို့တို့ တွင် (၄၃)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117