Connect with us

Environment, Disasters & Accidents

မီးရထားစက်ခေါင်း လမ်းချော်ပြီး တံတားအောက်သို့ ပြုတ်ကျ

မီးရထားစက်ခေါင်း လမ်းချော်ပြီး တံတားအောက်သို့ ပြုတ်ကျမှုအားမြင်တွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ကြာအင်းကျေးရွာအနီး မခွေးရေပေါက်တံတားအောက်သို့ စက်တင်ဘာ ၂၄ ရက် နံနက် ၁ဝ နာရီခန့်က မီးရထားစက်ခေါင်း လမ်းချော်ပြုတ်ကျ သွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ စက်ခေါင်းမောင်း ဦးတင်မောင်၊ ရထားထိန်း ဦးဇော်ဝင်းတို့ မောင်းနှင်လာသော စက်ခေါင်းအမှတ် DD-961 မန္တလေး-မြစ်ကြီးနားအမှတ်(၄၁)အဆန် ဒုတိယအမြန်ရထားသည် အင်းတော်မြို့နယ် ကြာအင်းကျေးရွာအနီး မိုင်တိုင်အမှတ် (၅၈၇/၆) နှင့် (၇) ကြား မခွေးရေပေါက်တံတားအမှတ် ၄၃၁ တွင် ရထားစက်ခေါင်းမှာလမ်းချော်၍ တံတား အောက်သို့ ပြုတ်ကျသွားကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဆွေညွန့်၊ ရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များက ရထားစီးခရီးသည်များအား လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မီးရထားတွဲဆိုင်းများအား အင်းတော်ဘူတာရုံပိုင်ကြီး ဦးတိုးတိုးက အမြန်ပြုပြင်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ဆက်သွယ် ဆောင်ရွက်ထားပြီး ရထားလမ်းပိုင်းပြင်ဆင်ပြီးစီးချိန်နှင့် လမ်းအဆက်အသွယ်ရရှိချိန်များကို အချိန်နှင့် တစ်ပြေးညီ တင်ပြ သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117