Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံတွင် ရေကြီးရေလျှံမှုများကြောင့် ၇၄ ဦးသေဆုံးပြီး ၈၉ ဦး ပျောက်ဆုံး

ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးဆောင်ရွက်နေမှုအား တွေ့ရစဉ် ( information team)

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ရေကြီးရေလျှံမှုများကြောင့် စက်တင်ဘာ ၁၃ ရက် ညပိုင်းထိ လူ ၇၄ ဦး သေဆုံးပြီး ၈၉ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံပိုင်မီဒီယာဖြစ်သည့် Global New Light of Myanmar က ထုတ်ပြန်သော သတင်းအရ သိရသည်။မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မြို့နယ်ပေါင်း ၆၄ မြို့နယ်ရှိ ကျေးရွာပေါင်း ၄၆၂ ရွာ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့်ဒေသများတွင် တံတား ၂၄ စင်း၊ စာသင်ကျောင်း ၃၇၅ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဆည်တမံ ၅ ခု၊ ဘုရားစေတီ ၄ ဆူ၊ ထရန်စဖော်မာ ၁၄ လုံး၊ ဓာတ်မီးတိုင် ၄၅၆ တိုင်နှင့် အိမ်ခြေ ၆၅,၇၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် ရေဘေးသင့်ပြည်သူများကို လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာနှင့် သောက်သုံးရေများ ပံ့ပိုးပေးနိုင်ရန် ယာယီကယ်ဆယ်ရေး စခန်းများ ထူထောင်ထားကြောင်း သိရသည်။

ယင်း ရေဘေးသင့်ဒေသများတွင် သက်ဆိုင်ရာအာဏာပိုင်များနှင့် ကယ်ဆယ်ရေးသမားများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.