Connect with us

Myanmar

KBZ ဘဏ်အား လက်နက်ကိုင် လူ၅ဦးလာရောက် ဓါးပြတိုက်ပြီး သိန်း၃၀၀၀ကျော်ယူဆောင်သွား

Urban Asia Centerစင်တာအား တွေ့ရစဉ် (ဓာတ်ပုံ-Urban Asia Center)

ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်၊ ၄၈လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ Urban Asia Centerတွင် ဖွင့်လှစ်ထားသော ကမ္ဘောဇဘဏ်ခွဲအား ယနေ့(အောက်တိုဘာ ၂၂ရက်) မွန်းလွဲပိုင်းက လက်နက်ကိုင် လူ၅ ဦး ဓါးပြတိုက်ပြီး ကျပ်သိန်းသုံးထောင်ကျော် ယူဆောင်သွားကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ လက်နက်ကိုင် လူ၅ဦးသည် Fielderအမျိုးအစား အဖြူရောင်အငှားယာဉ်ဖြင့် ရောက်ရှိလာပြီး ဘဏ်အတွင်းသို့ ပစ္စတိုသေနတ်ဖြင့် ချိန်ရွယ်ကာ ဘဏ်ဝန်ထမ်းကောင်တာအတွင်းမှ ကျပ် တစ်သောင်းတန် ၁၁,၈၉၁ ရွက်၊ ကျပ် ငါးထောင်တန် ၃၉,၀၀၀ရွက် စုစုပေါင်း ငွေကျပ် ၃၁၃,၉၁၀,၀၀၀အား ဆာလာအိတ်အတွင်းထည့်ကာ မဟာဗန္ဓုလလမ်းအတိုင်း အရှေ့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

ယင်း လက်နက်ကိုင်သမားများ၏ ရိုက်နက်မှုကြောင့် ဘဏ်ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ဂန္ဒီဆေးရုံသို့ပို့ဆောင်ထားရကြောင်း သိရသည်။

ဘဏ်ဓါးပြတိုက်ပြီး ငွေများယူဆောင်သွားသော လက်နက်ကိုင်သမားများအား ပိတ်ဆို့ရှာဖွေနေဆဲဖြစ်ကြောင်း ၊ အဆိုပါ တရားခံများအား လက်တလော ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117