Connect with us

Myanmar

ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ တွင် ဆေးလိပ်ငွေ့ကင်းစင်နေရာ ၁၀ နေရာ ထပ်မံတိုးချဲ့ဆောင်ရွက်မည်

ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ရှိဘုရားတစ်ဆူကို ၂၀၂၃ ခုနှစ်၊ မေ၄ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ဆေးလိပ်ငွေ့ကင်းစင်နေရာ ၁၀ နေရာထပ်မံတိုးချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ရှိဘုရားတစ်ဆူကို ၂၀၂၃ ခုနှစ်၊ မေ၄ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ရှိဘုရားတစ်ဆူကို ၂၀၂၃ ခုနှစ်၊ မေ၄ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ တွင်နွားကျောင်းနေသော အမျိုးသမီးတစ်ဦးကို ၂၀၂၃ ခုနှစ်၊ မေ ၄ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူး ဦးအာကာကျော်က “အခုလိုသတ်မှတ်ရတာကတော့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက ပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်တဲ့သဘောပါ။ သိသာထင်ရှားတဲ့နေရာတစ်ခုမှာ အခုလို အကောင်အထည်ဖော်လိုက်တဲ့အတွက် လူအများ အနေနဲ့ ပိုပြီးတော့ ထိန်းသိမ်းဖြစ်သွားတာပေါ့” ဟု ပြောခဲ့သည်။

ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ဆေးလိပ်ငွေ့ကင်းစင်ရေး ဆိုင်းဘုတ်များ၊ ဆေးလိပ်သောက်ရသည့်နေရာများနှင့် ဆေးလိပ်မသောက်ရနေရာများကို မေ ၂၉ ရက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ယခုထပ်မံတိုးချဲ့ဆောင်ရွက်လိုက်သော ဆေးလိပ်ငွေ့ကင်းစင်နေရာ ၁၀ နေရာ အပါအဝင် ယခုအခါ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဆေးလိပ်ငွေ့ကင်းစင်နေရာ ၁၀၂ နေရာရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဆေးလိပ်ငွေ့ကင်းစင်နေရာများကို ၂၀၁၉ ခုနှစ် ဇွန်လက စတင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယူနက်စကိုက ပုဂံယဉ်ကျေးမှုနယ်မြေကို ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအဖြစ် ၂၀၁၉ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117