Connect with us

Myanmar

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်အထိ မူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများ၊ ထိန်းချုပ်ထားခြင်းမရှိသည့် ဓာတုပစ္စည်းများ စုစုပေါင်းတန်ဖိုး ငွေကျပ် ၈၀၂ ဘီလီယံကျော်ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၃) ကျင်းပခဲ့စဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ အောက်တိုဘာ ၂၃ ရက်အထိ ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွဆေးပြား၊ အိုက်စ်၊ ကက်တမင်း၊ အက်တက်စီ ဆေးပြား၊ Happy Water အပါအဝင် အခြားမူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်း များ၊ ထိန်းချုပ်ထားခြင်းမရှိသည့် ဓာတုပစ္စည်းများ စုစုပေါင်းတန်ဖိုး ငွေကျပ် ၈၀၂ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၃၈၁ သန်းကျော်) ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၂၆ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာစီမံချက်ကို လမ်းညွှန် မူဘောင်အဖြစ် အသုံးပြုပြီး နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် မိမိဒေသနှင့်ကိုက်ညီမည့် လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သည်များကို ထိထိရောက်ရောက် ဆောင်ရွက်သွားရန်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူလုပ်မူးယစ်ဆေးဝါး (Synthetic Drug) ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ် မှုများမှာ အဓိကခြိမ်းခြောက်နေသည့်အတွက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အထူးစစ်ဆင်ရေး ၃၈ ကြိမ် ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေး Operation 39 ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂ အပါအဝင် အိမ်နီးချင်း နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော UNODC ၊ AFP ၊ DEA၊ NNCC၊ ONCB တို့နှင့်လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117