Connect with us

Myanmar

၂၀၂၅ ခုနှစ် မတ် ၂၅ ရက်အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

 

-ဇမ္ဗူသီရိနှင့် ပုဗ္ဗသီရိမြို့နယ်တို့ရှိ (၂၃၀)ကေဗွီ ပျဉ်းမနား-နေပြည်တော် (၁) မဟာဓာတ်အားလိုင်း လိုင်းအူကြောင်း ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်း (၄၅)ရာခိုင်နှုန်း ပြီးစီး (၂၅/၃/၂၀၂၅- MRTV)

-ဘားအံမြို့တွင် UNESCO ၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး မြန်မာ့သနပ်ခါးယဉ်ကျေးမှုအလှ သနပ်ခါးလိမ်းခြယ်ပြိုင်ပွဲကျင်းပ (၂၅/၃/၂၀၂၅- MRTV)

-Nepal-Myanmar Partnership in Digital Transformation သို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ တက်ရောက် (၂၅/၃/၂၀၂၅-မြန်မာ့အလင်း)

-မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲ ကျင်းပ (၂၅/၃/၂၀၂၅-မြန်မာ့အလင်း)

-ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ (၂၅/၃/၂၀၂၅-မြန်မာ့အလင်း)

-အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား ၃၀ ဦးနှင့် လာအိုနိုင်ငံသား ၂၃ ဦး လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၂၃၀ ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်း (၂၄/၃/၂၀၂၅-MRTV)

– “တွေ့ဆုံဆွေးနွေမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ဆောင်ပုဒ်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်း – Peace Talk 2025 ဒုတိယနေ့ ဆက်လက်ကျင်းပ (၂၅/၃/၂၀၂၅- MRTV)

– ငွေ‌ဆောင်ကမ်းခြေသို့ နေ့စဉ် ခရီးသွားဧည့်သည် (၂၈၀၀) ဝန်းကျင် လာရောက်လည်ပတ်လျက်ရှိ (၂၅/၃/၂၀၂၅- MRTV)

-အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား (၂၄/၃/၂၀၂၅- MRTV)

-ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား (၂၄/၃/၂၀၂၅- MRTV)