Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတ အကြံပေးဟောင်း ပါတီ ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယှဉ်ပြိုင်မည်

အမျိုးသား တိုးတက်ရေးပါတီ မိတ်ဆက်ခြင်း အခမ်းအနား (ဓာတ်ပုံ- ဒေါက်တာနေဇင်လတ် Facebook )

ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ အကြံပေးဟောင်း ဒေါက်တာ နေဇင်လတ် ဥက္ကဌအဖြစ် တည်ထောင်ထားသော အမျိုးသားတိုးတက်ရေးပါတီသည် လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီ ဥက္ကဌ ဒေါက်တာ နေဇင်လတ်က ယနေ့ ဆင်ဟွာသို့ ပြောကြားသည်။

အမျိုးသား တိုးတက်ရေး ပါတီအနေဖြင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး နေရာများတွင် နေရာပြည့်ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ကိုယ်စား လှယ်လောင်း အရေအတွက်သည် အကြမ်းဖျင်း ၂၀၀ ကျော် ၃၀၀ နီးပါး ဝင်ရောက်ရန် လျာထား သော်လည်း နေ့စဉ် ပါတီ ဝင်များ တိုးလာလျှက် ရှိနေသောကြောင့် ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီ ကိုယ်စားလှယ်လောင်း အရေအတွက် အတိအကျ မထုတ်ပြန်နိုင်သေးကြောင်း ၎င်းက ဆိုသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များ အမျိုးသား တိုးတက်ရေး ပါတီထံ ဝင်ရောက်ရန် ကမ်းလှမ်းမှုများပေါ် “ ပါတီကနေထွက်ပြီး လာကမ်းလှမ်းတာမျိုး တွေရှိတယ်၊ ကမ်းလှမ်းတာက သူတို့အပိုင်း လက်ခံတာ လက်မခံတာက ကျွန်တော်တို့အပိုင်းပါ” ဟု ဒေါက်တာ နေဇင်လတ်က ပြောကြားသည်။

ရွေးကောက်ပွဲတွင် ပါတီ ဥက္ကဌ ဒေါက်တာနေဇင်လတ်နှင့် ကော်မတီဝင်၊ ဗဟို ကော်မတီဝင် များမှာမူ ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ၎င်းကဆိုသည်။“ ဒီမိုကရေစီ အနှစ်သာရဖြစ်တဲ့ ထိန်းကျောင်းမှု ယန္တရားကို ကျွန်တော်တို့ရအောင် လုပ်မယ်၊ တစ်ပြိုင် နက်တည်းမှာ ရေတို၊ ရေရှည်၊ ရေလတ် အဲဒီကိစ္စတွေလည်း လုပ်သွားမယ်၊ အဓိက စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အဲဒီဆိုင်တာတွေ အများကြီးလုပ်သွားမယ်” ဟု ဒေါက်တာနေဇင်လတ်က ရန်ကုန်မြို့ City Star ဟိုတယ်တွင် ကျင်းပသော ပါတီ မိတ်ဆက်ခြင်း အခမ်းအနားတွင် ပြောကြားသည်။

အဆိုပါ ပါတီတွင် တပ်မတော်မှ ဗိုလ်ချုပ်ဟောင်းမျာ းပါဝင်ခြင်းမရှိဘဲ ပါတီစတင် တည်ထောင်ပြီး စည်းရုံးထားသော သူများအဓိက ပါဝင်မည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် နယ်မြေခံများကို အဓိက ရွေးချယ်ထားကြောင်း၊ ရွေးချယ်ထားသော ကိုယ်စားလှယ်လောင်းများ၏ ပိုင်ဆိုင်မှုများကိုလည်း ပြည်သူ့ထံ ချပြမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.