Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့အခမ်းအနားအတွက် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ သွားရောက်လေ့လာ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ သွားရောက်လေ့လာစဉ်( နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး)

ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အာဇာနည်နေ့အခမ်းအနားအတွက် ပြင်ဆင်ထားသော ရန်ကုန်မြို့ နတ်မောက်လမ်းရှိ ဗိုလ်ချုပ်ပြတိုက်သို့ယနေ့သွားရောက်လေ့လာကြည့်ရှု့ခဲ့ကြောင်းသိရသည်။

၎င်းမှတစ်ဆင့်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်လမ်းရှိ အမျိုးသားပြတိုက်တွင် ပန်းချီဆရာ ဦးမာလာပြသထားသည့် ပန်းချီဦးမာလာ၏ ခေတ်စုံ အလှစုံ ပန်းချီပြခန်းကို ကြည့်ရှုခဲ့သည်။

အဆိုပါ ဗိုလ်ချုပ်ပြတိုက်နှင့် အမျိုးသားပြတိုက်သို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး တို့ လိုက်ပါကြည့်ရှုကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.