Politics, Law & Military
ပဲခူးတိုင်းဒေသကြီး ဝန်ကြီး နှစ်ဦးအား ရာထူးမှ နုတ်ထွက်ခွင့်ပြုကြောင်း ထုတ်ပြန်
ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)
ပဲခူးတိုင်းဒေသကြီး၏ ဝန်ကြီး နှစ်ဦးအား ယင်းတို့၏ သဘော ဆန္ဒ အလျောက် တိုင်းဒေသကြီး ဝန်ကြီးရာထူးမှ နုတ်ထွက် ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်အမှတ်၊ ၄/၂၀၁၈ အား ဇန်နဝါရီ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး၏ သယံဇာတ ၊ သစ်တော နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မင်းဇံ နှင့် စည်ပင် သာယာရေး နှင့် လူမှုရေး ဝန်ကြီးဌာန ဝန်ကြီး ဦးမောင်မောင်လွင် တို့အား နိုင်ငံတော် သမ္မတ ဦးထင်ကျော်က နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၏ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဝန်ကြီး ဦးစိုးမြင့်နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၏ ဝန်ကြီး ဦးနေမျိုးကျော်တို့အား ဇန်နဝါရီ ၁၀ ရက်စွဲဖြင့် လည်းကောင်း ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးဘဟိန်း တို့ကိုလည်း ဇန်နဝါရီ ၉ ရက်စွဲဖြင့် လည်းကောင်း ယင်းတို့၏ သဘော ဆန္ဒ အလျောက် နုတ်ထွက် ခွင့်ပြုခဲ့ကြောင်း သိရသည်။(Xinhua)