Connect with us

Politics, Law & Military

ပြည်ထောင်စု လွှတ်တော် နာယက အဖြစ် တာဝန် ထမ်းဆောင်မည့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း ထံ နာယက တာဝန်များ လွှဲပြောင်း ပေးအပ်

ပြည်ထောင်စု လွှတ်တော်နာယက တာဝန်လွှဲအပ်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ- Thura U Shwe Mann Facebook)

နေပြည်တော် ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် နာယကအဖြစ် စတင် တာဝန် ထမ်းဆောင်မည့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းထံသို့ ပြည်ထောင်စု လွှတ်တော် နာယက အဖြစ် တာဝန် ပြီးဆုံးပြီ ဖြစ်သော သူရ ဦးရွှေမန်းက နာယက တာဝန်များကို ယနေ့ဖေဖော်ဝါရီလ ၃ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ပြည်ထောင်စု လွှတ်တော် အဆောက်အဦရှိ ပြည်ထောင်စု လွှတ်တော်နာယက၏ ရုံးခန်း၌ လွှဲပြောင်း ပေးအပ်ခဲ့သည်။

ပြည်ထောင်စု လွှတ်တော်နာယက တာဝန်လွှဲအပ်ပွဲ အခမ်းအနားတွင် သူရဦးရွှေမန်းက ပြည်ထောင်စု လွှတ်တော် နာယက အဖြစ် စတင် တာဝန်ထမ်းဆောင်မည့် ဦးမန်းဝင်းခိုင်သန်းထံ တာဝန်များ လွှဲပြောင်းနေစဉ် (ဓာတ်ပုံ- Thura U Shwe Mann Facebook)

ထိုသို့ပြည်ထောင်စု လွှတ်တော် နာယက တာဝန်များ လွှဲပြောင်း ပေးအပ်ရာတွင် အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင် ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်ရုံး တာဝန်ရှိသူများ ပါဝင်ခဲ့သည်။ (Xinhua)