Connect with us

Politics, Law & Military

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာ လွှတ်တော် အတည်ပြု

ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် ကြွရောက်လာစဉ်။

နေပြည်တော်၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ၏အစီရင်ခံစာအား ယနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။

အဆိုပါ အစီရင်ခံစာအား ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ဆန္ဒမဲ တောင်းခံ အတည်ပြု ပေးပါရန် ခြေ-ဥ ပြင်ရေး ပူးပေါင်းကော်မတီ ဥက္ကဌ၊ ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်က ယနေ့ နံနက် အဆိုတင်သွင်းခဲ့ပြီး လွှတ်တော် နာယကက ဆန္ဒမဲ ကောက်ယူကာ ဆုံးဖြတ် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ခြေ-ဥ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန် အဆိုတင်သွင်းစဉ်။

“အစီရင်ခံစာနဲ့ စပ်လျဉ်းပြီး လွှတ်တော် ကိုယ်စားလှယ် ၄၁ ဦးတို့က ဆွေးနွေးခဲ့ရာမှာ ထောက်ခံ အကြံပြု ဆွေးနွေးသူများရှိခဲ့သလို ကန့်ကွက် ထောက်ပြ ဆွေးနွေးကြသူများလည်း ရှိသဖြင့် လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို စက်ခလုတ် အသုံးပြုတဲ့ နည်းလမ်းဖြင့် ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်၊ ထောက်ခံဆန္ဒမဲများရင် ယင်းအစီရင်ခံစာကို လွှတ်တော်က သဘောတူ အတည်ပြုမှာ ဖြစ်ပြီး ကန့်ကွက် ဆန္ဒမဲ များရင် အတည်မပြုကြောင်းကြေညာမှာ ဖြစ်ပါ တယ်” ဟု နာယက ဦးတီခွန်မြတ်က ကြေညာအပြီး ဆန္ဒမဲ ကောက်ယူရာတွင် ဆန္ဒမဲပေးခွင့်၇ှိသူပေါင်း ၆၀၈ ဦးအနက် ထောက်ခံ ဆန္ဒမဲ ၄၀၁ မဲ၊ ကန့်ကွက် ဆန္ဒမဲ ၁၉၇ မဲ ရရှိပြီး ထောက်ခံမဲက များသော ကြောင့် ယင်း အစီရင်ခံစာကို လွှတ်တော်က သဘောတူ အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဖွဲ့ဝင် ၄၅ ဦးပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီသည် ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်နှင့် ဖြည့်စွက်ရန် အချက်ပေါင်း ၃,၇၆၅ ချက်တို့ပါဝင်သည့် အစီရင်ခံစာကို ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့တင်သွင်းခဲ့ရာ ဇူလိုင် ၃၀ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ထိုအစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ်များက စတင် ဆွေးနွေးကြခြင်းဖြစ်သည်။ အစီရင်ခံစာကို ယနေ့ အတည်ပြုပြီးဖြစ်သောကြောင့် ဥပဒေကြမ်း ရေးဆွဲရေး လုပ်ငန်းများ၊ ရေးဆွဲမှုအပေါ် ဆွေးနွေးခြင်းများ ဆက်လက် ဆောင်ရွက်သွားမည်ဟု သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.