Connect with us

Politics, Law & Military

ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်း အတိုး-အလျှော့ဝ.၈ ရာခိုင်နှုန်း ဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ရန်ညွှန်ကြားချက်အား ပယ်ဖျက်ကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်မှထုတ်ပြန်

ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

နိုင်ငံခြားငွေရောင်းဝယ်ရာတွင် ဗဟိုဘဏ် ၏ သတ်မှတ်ချက် ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်း အတိုး-အလျှော့ ဝ.၈ ရာခိုင်နှုန်း ဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ရန်ညွှန်ကြားခဲ့ခြင်းအား ပယ်ဖျက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမှာစာ ထုတ်ပြန်ချက် ခဲ့သည်။

ဗဟိုဘဏ်မှ တာဝန်ရှိသူက “နဂိုက ဘဏ်တွေအနေနဲ့ ဗဟိုဘဏ်ထုတ်ပြန်တဲ့ ငွေဈေးထက် အရောင်းအဝယ်လုပ်ရင် အတိုး-အလျှော့ ဝ.၈ ရာခိုင်နှုန်း ခွာဖို့ ညွှန်ကြားချက်ကို တရားဝင်ပယ်ဖျက်တာပါ။ ကျန်တာကတော့ ကျွန်တော်တို့ထုတ်ပြန်ချက်ထဲမှာ ပါတဲ့အတိုင်းပါပဲ’’ ဟုဆင်ဟွာကိုပြောသည်။

နိုင်ငံခြားငွေရောင်းဝယ်ရာတွင် ဗဟိုဘဏ်၏ သတ်မှတ်ချက် (ဗဟိုဘဏ်ရည်ညွှန်းသွေလဲလှယ်နှုန်း+- ရာခိုင်နှုန်း ဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ခြင်းအား ဤအမှာစာဖြင့် ပယ်ဖျက်လိုက် ကြောင်း ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ကမ္ဘောဇဘဏ်မှ အကြီးတန်းအကြံပေး ဦးသန်းလွင်က “အခုလိုဗဟိုဘဏ်က ပယ်ဖျက်လိုက်တာတော့ အကျိုးဆက်ကတော့ သိပ်ခန့်မှန်းလို့ မရဘူး။ ဈေးကွက်ကိုထိန်းနိုင်ဖို့တော့လိုပါတယ်’’ ဟုဆင်ဟွာကို ပြောသည်။

နိုင်ငံခြားငွေဈေးကွက် စောင့်ကြည့်လေ့လာသူဦးစန်းဝင်းက “လက်ရှိမှာတော့ ဒေါ်လာဈေးက ဆက်တိုက်တက်နေတယ်။ သြဂုတ်လ ၁၃ ရက်နေ့ မှာ ၁၄၇၄ အထိ ဖြစ်ခဲ့တယ်’’ ဟုဆင်ဟွာကိုပြောသည်။

၎င်းအမှာစာအား နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင် (Authorized Dealer License –A.D) ရဘဏ်များအားလုံး၊ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License M.C) ရရှိသူများအားလုံး သို့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားငွေ တစ်ဒေါ်လာပေါက်ဈေးသည် ကျပ်၁၄၆၀ ကျပ်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.