Connect with us

Politics, Law & Military

မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ် ရေးဆွဲရန် စီစဉ်နေပြီဟု ဒုတိယ သမ္မတ ပြောကြား

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (၅၂) နှစ်မြောက် နှစ်ပတ်လည်နေ့  အခမ်းအနားတွင် ဒုတိယ သမ္မတ ဦးမြင့်ဆွေ မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ်တစ်ရပ် ပေါ်ထွက်လာရန် ၂၀၁၆ ခုနှစ် စက်တင်ဘာလ မှ ၂၀၁၇ ခုနှစ် မေလအထိ ရှစ်လအတွင်း လုပ်ငန်းအဖွဲ့ငါးဖွဲ့ဖွဲ့စည်း၍ လုပ်ငန်းစဉ် ခုနစ်ရပ်ဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိ သည်ဟု ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယနေ့ အောက်တိုဘာလ (၁) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့(၅၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တွင် ပြောခဲ့သည်။

“၂၀၁၆ ဧပြီလမှာ ကမ္ဘာ့ မူးယစ်ဆေးယါး ပြသနာဆိုင်ရာ ကုလသမဂ္ဂ အထူးအစည်းအဝေးက ချမှတ်ခဲ့တဲ့ လုပ်ငန်း အကြံပြုချက်များနဲ့အညီ မူးယစ်ဆေးယါး ထိန်းချုပ်ရေး မူဝါဒသစ်တစ်ရပ် ပေါ်ထွက်လာရေး ဆောင်ရွက်သွားရန် မူးယစ် ဗဟို အဖွဲ့က လွှတ်တော် အသီးသီးအောက်မှာရှိတဲ့ သက်ဆိုင်ရာ ကော်မတီများမှ တာဝန်ရှိသူများကို ဖိတ်ခေါ်ပြီး ရှင်းလင်း တင်ပြခဲ့ပြီး ဆောင်ရွက်လျက်ရှိပါတယ်” ဟု ၎င်းက ပြောခဲ့သည်။မူးယစ်ဆေးဝါး အန္တရာယ် ပပျောက်ရေးအတွက် မြန်မာနိုင်ငံ အစိုးရ အဆက်ဆက် ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအရ မူးယစ်ဆေးဝါး ပြဿနာကို ကိုင်တွယ် ဖြေရှင်းရေး အတွက် မဟာဗျူဟာ ရေးဆွဲရာတွင် တားဆီး နှိမ်နင်းရေးနှင့် တရားစီရင်ရေး ကဏ္ဍများကိုသာမက စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ကဏ္ဍများကိုပါ ထည့်သွင်းရေးဆွဲရန် လိုအပ်ကြောင်း၊ အကြမ်းဖက်မှု အပါအဝင် အမျိုးစုံသော မှုခင်းများကို ထိရောက်စွာ ထိန်းချုပ်ရန် ကြိုးပမ်းရာတွင် ပြစ်မှုဆိုင်ရာ ဥပဒေ၊ တရားစီရင်ရေး စနစ်တို့ အပေါ်တွင်သာ အားထားမနေဘဲ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် ရှာဖွေရေး ကဏ္ဍများ၊ မီဒီယာ၊ အစိုးရ မဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူထု လူတန်းစား အဖွဲ့အစည်းများ စသည့် ကဏ္ဍပေါင်းစုံတို့က ပူးပေါင်း ဆောင်ရွက်ကြရန် အရေးကြီးကြောင်းလည်း ဒုတိယ သမ္မတက ပြောသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့(၅၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ် ဇော်ဝင်း မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့(၅၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား မြင်ကွင်းများ (ဆင်ဟွာ)

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ် ဇော်ဝင်းကလည်း မူးယစ်ဆေးဝါး ပြဿနာနှင့် မှုခင်းများအား ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရေးအတွက် ကဏ္ဍပေါင်းစုံတို့က ပူးပေါင်း ဆောင်ရွက်ကြရန် အရေးကြီးသည်ဟု အလားတူ ပြောကြားခဲ့သည်။မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လက်ရှိ တပ်ဖွဲ့ဝင် အင်အားမှာ ၈၅,၀၀၀ ဦးခန့်ရှိပြီး ရဲတပ်ဖွဲ့ဝင် အင်အားကို တိုးချဲ့နိုင်ရန် တပ်ဖွဲ့ဝင် အသစ်များအား လေ့ကျင့် သင်ကြားပေး လျက်ရှိကြောင်း ယနေ့အခမ်းအနားသို့ တက်ရောက် လာသော ရဲတပ်ဖွဲ့လေ့ကျင့်ရေး ဌာနချုပ် အရာရှိချုပ် ရဲမှူးချုပ် ဇော်မိုးသန်းက ဆင်ဟွာကို ပြောခဲ့သည်။နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် ယနေ့နံနက် ပြုလုပ်ခဲ့သည့် အဆိုပါ အခမ်းအနားသို့ ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့်အတူ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့် တပ်မတော် အရာရှိကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ဒုတိယ ဝန်ကြီးများ၊ သံတမန်များ၊ အပြည်ပြည်ဆိုင်ရာ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင် တံဆိပ်ဆု၊ စံပြရဲ စလွယ်နှင့် ရာထူး အဆင့် တံဆိပ်ဆု ရရှိသူ တပ်ဖွဲ့ဝင်များအား ဆုချီးမြင့်သည့် အစီအစဉ်ကိုလည်း ကျင်းပခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.