Connect with us

Politics, Law & Military

မြေငှားစာချုပ် မလျှောက်ထား ရသေးသူများအတွက် လိုက်လံ၍ မြေငှားစာချုပ်ဆောင်ရွက်ပေးမှာ မဟုတ်ဟုဆို

မန္တလေးမြို့ မြင်ကွင်းပုံ (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

မြေငှားစာချုပ် လျှောက်ထားခြင်းနှင့် လျှောက်ထားမှု မပြုခြင်းတို့သည် မြေအသုံးချသူ၏ သဘောဆန္ဒအတိုင်း လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် ကိစ္စရပ်ဖြစ်၍ မြေငှားစာချုပ် လာရောက် လျှောက်ထားခြင်း မရှိသည်များကို သွားရောက်စစ်ဆေးပြီး မြေငှားစာချုပ်ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေး၍ မရနိုင်ပါကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးတင့်မှ ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြေငှားစာချုပ်များ ဆောင်ရွက်ပေးခြင်းနှင့် ပတ်သက်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ရန်ကုန ်တိုင်းဒေသကြီး အတွင်းရှိ ဘိုးဘွားပိုင်မြေ၊ ဂရံမြေ၊ အစိုးရမြေ၊ လိုင်စင်မြေ စသည့် အမျိုးအစားများအနက် ရန်ကုန် စည်ပင်သာယာရေး နယ်နိမိတ် အတွင်းရှိ အစိုးရမြေများကိုသာ ဂရံပေးရပါကြောင်း၊ ရန်ကုန်နှင့် မန္တလေး တိုင်းဒေသကြီးတို့၏ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း တွင် သက်ဆိုင်ရာ စည်ပင် သာယာရေး ကော်မတီများမှ လည်းကောင်း၊ နေပြည်တော် ကောင်စီတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီနှင့် ကျန်မြို့နယ်များတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများမှလည်းကောင်း မြေငှား လိုင်စင်၊ မြေငှား စာချုပ်များ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ၎င်းကဆိုသည်။

မြေဂရံ ထုတ်ပေးရာတွင် ၁၈၉၈ ခုနှစ် အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာများ အက်ဥပဒေ ပုဒ်မ (၁၆) နှင့် နည်းဥပဒေ အခန်း(၂) ပါ ဥပဒေများအရ အမှန်ခံစားခွင့်ရှိသူများကို သေချာစွာစိစစ်ပြီး မြေပိုင်ဆိုင်မှု ခိုင်မာစွာ တင်ပြလာလျှင် ဂရံ ထုတ်ပေးရေးအတွက် ဆောင်ရွက်ပေးရပါကြောင်း။ မြေဂရံများ လျှောက် ထားမှုမရှိဘဲ ထုတ်ပေးမည်ဆိုပါက ၁၈၉၈ ခုနှစ် အောက်မြန်မာပြည် မြို့ နှင့် ကျေးရွာများ ဥပဒေပါ ပြဋ္ဌာန်း ချက်များ၊ အထက်မြန်မာပြည် မြေနှင့်အခွန် စည်းမျဉ်းဥပဒေ၊ နည်းဥပဒေအရ လည်းကောင်း၊ အမှန်တကယ် သက်ဆိုင်သူအား ထုတ်ပေးခြင်း မပြုမိဘဲ မသက်ဆိုင်သူထံသို့ ထုတ်ပေးခြင်းမျိုး ဖြစ်လာနိုင်ခြင်း တို့ကြောင့် မြေငှားဂရံ လျှောက်ထားသူကိုသာ စိစစ် ထုတ်ပေးရခြင်း ဖြစ်ပါကြောင်း၊ မြေဂဂရံများ ပျောက်ဆုံးခြင်းအတွက် မိတ္တူမှန်ဖြင့် လျှောက်ထားနိုင်သလို သက်တမ်း ကုန်ဆုံးခြင်းအတွက် သက်တမ်းတိုးခြင်းလည်း လျှောက်ထား ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ သွက်လက် မြန်ဆန်စေရန် နှင့် မြေငှားဂရံများ ခွင့်ပြုပေးရာမှာ ပွင့်လင်းမြင်သာမှု ရှိစေရေးအတွက် မြေစီမံခန့်ခွဲသောရုံး၊ ဌာနများအနေဖြင့် စီစဉ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း ဒုတိယ ဝန်ကြီး၏ ပြောကြားချက် အရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.