Connect with us

Politics, Law & Military

ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်မည်

(၆၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် မြန်မာ့တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် အရှေမြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် မြန်မာ့တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်တိမ်းရှောင်အဖွ့ဲတို့ တိုက်ပွဲများ ပြင်းထန်နေ၍ အဆိုပါ ဒေသကို အရေးပေါ်အခြေအနေ ထုတ်ပြန်ပြီး စစ်အုပ်ချုပ်ရေးနှင့် အုပ်ချုပ်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်နေ့က မြန်မာအာဏာပိုင်မှ ထုတ်ပြန်လိုက်သည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တည်ငြိမ်အေးချမ်းရေး လုပ်ဆောင်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော် သမ္မတက တာဝန်လွဲပြောင်းပေးလိုက်ပြီး အဆိုပါ ဒေသကို ရက်ပေါင်း ၉၀ စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ဦးစီး ဆောင်ရွက်ရန် ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စောမြင့်ဦးအား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်လွှဲအပ်ခဲ့သည်။

အဆိုပါ ဒေသအတွင်းတိုက်ပွဲ စတင်ဖြစ်ပွားခဲ့သော ဖေဖော်ဝါရီ ၉ ရက်နေ့မှ ၁၁ ရက်နေ့ထိ တိုက်ပွဲပေါင်း (၁၃)ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ အရာရှိ (၅)ဦး၊ စစ်သည် (၄၂)ဦး စုစုပေါင်း (၄၇)ဦး ကျဆုံးခဲ့ပြီး အရာရှိ (၁၁)ဦး၊ စစ်သည် (၆၂)ဦး စုစုပေါင်း (၇၃) ဦးဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ထပ်မံဖြစ်ပွားသော တိုက်ပွဲကြောင့် အစိုးရတပ်မှ (၃) ဦး ကျဆုံးခဲ့ပြီး အရာရှိ (၁) ဦးနှင့်စစ်သည် (၂၆) ဦးတို့ ထပ်မံ ဒဏ်ရာရရှိခဲ့သည်။

တပ်မတော်မှ ကိုးကန့်ဒေသတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုများ ပြုလုပ်ရာ ဖေဖော်ဝါရီ (၁၅) ရက်နေ့တွင် ကိုးကန့်တိမ်းရှောင်အဖွဲ့၏ အလောင်း(၁၈) လောင်းရရှိခဲ့ပြီး ကိုးကန့်အဖွဲ့မှ အပြင်းအထန် ဒဏ်ရာရရှိသူ (၈)ဦး ဖမ်းဆီးရရှိခဲ့ရာ တပ်မတော်က ဆေးကုသပေးစဉ် သေဆုံးခဲ့သောကြောင့် တိုက်ပွဲအတွင်း ကိုးကန့် တိမ်းရှောင်အဖွဲ့မှ စုစုပေါင်း(၂၆)ဦး ကျဆုံးခဲ့ခြင်း ဖြစ်သည်။

အစိုးရဘက်မှ အရေးပေါ် အခြေအနေ ကြေညာပြီး စစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်သည့်နေ့၌ ဖုန်ကြားရှင် ခေါင်းဆောင်သော မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (MNDAA)က သမ္မတ ဦးသိန်းစိန်ထံ အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့ပြီး အမျိုးသား ရင်ကြားစေ့ရေး ဆောင်ရွက်ပေးရန် ကမ်းလှမ်းခဲ့သည်။

လောက်ကိုင်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများတွင် ကိုးကန့် တိမ်းရှောင်အဖွဲ့ အပြင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TLNA) နှင့် ရှမ်းပြည်တပ်မတော်တို့ ပူးပေါင်းပါဝင် တိုက်ခိုက်ပေးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

လောက်ကိုင်တွင် ကိုးကန့်အဖွဲ့ဘက်မှ ကူတိုက်ပေးခြင်း မရှိကြောင်း ကချင်လွတ်မြောက်ရေး တပ်မတော်က ငြင်းဆိုထားသည်။

လောက်ကိုင် ၊ တာရွှေထန် ၊ ကုန်းကြမ်းနှင့် ညံခွမ်းဒေသများတွင် ဖေဖော်ဝါရီ ၉ ရက်နေ့ နေ့လည် ၁၂ နာရီတွင်ဖုန်ကြားရှင်ဦးဆောင်သော မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစု (MNDAA)မှ အင်အား (၁,၀၀၀)ခန့်ဖြင့် မြန်မာ့တပ်မတော်ကို စတင် တိုက်ခိုက်ခဲ့မှုကြောင့် နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများကြောင့် လောက်ကိုင်ဒေသအတွင်း အရပ်သားများ သေဆုံးဒဏ်ရာရရှိမှုများ ရှိပြီး သောင်းနှင့်ချီသော ကိုးကန့်ဒုက္ခသည်များ တရုတ်ပြည်ထဲသို့ ထွက်ပြေးခဲ့ပြီး ၊ မြန်မာလုပ်သား များစွာသည်လည်း လားရှိုးမြို့သို့ ထွက်ပြေးခဲ့ရသည်။ (Xinhua)