Connect with us

Politics, Law & Military

မှတ်ပုံတင်မဲ့ သုံးဘီး မော်တော်ဆိုင်ကယ် နှင့် လျှပ်စစ် သုံးဘီးမော်တော်ဆိုင်ကယ်များအား စီမံချက်ဖြင့် မှတ်ပုံတင် ဆောင်ရွက် ပေးမည်

ပို့ ဆောင်ရေး နှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၏ အမှတ်တံဆိပ်အား တွေ့ ရစဉ်(ဓာတ်ပုံ- Ministry of Transport and Communications, Myanmar)

ရန်ကုန် ၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ)

မှတ်ပုံတင်မဲ့သုံးဘီးမော်တော်ဆိုင်ကယ်နှင့် လျှပ်စစ်သုံးဘီးမော်တော်ဆိုင်ကယ် များအား One Stop Service (OSS) စီမံချက်ဖြင့် မှတ်ပုံတင် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

စီမံချက်ကာလ နိုဝင်ဘာ ၁ ရက်မှ ၂၃ ရက် အထိ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ရုံးစိုက်ရာ ၄၉ ရုံးတွင် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း ၊ ရုံးပိတ်ရက် စနေနေ့တွင် Mobile Team အဖွဲ့များနှင့် အချက် အချာကျသော မြို့ ၃၉ မြို့တွင် နယ်လှည့်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

စီမံချက်တွင် Model Year ခုနှစ်ပုံစံ ၂ဝဝ၈ ခုနှစ်နှင့်အထက်ကိုသာ ဆောင်ရွက်ပေးမည် ဖြစ်ပြီး အိုမင်းဟောင်းနွမ်း၍Road Safety မဖြစ်သော သုံးဘီးမော်တော်ဆိုင်ကယ်များ၊ လူစီးသုံးဘီး မော်တော်ယာဉ်များ၊ ဒေသအစီ အစဉ်ဖြင့်တပ်ဆင်ထားသော ဆိုင်ကယ်ဘေးတွဲများ၊ တောတွင်းနှင့် ကမ်းစပ် တွင် အသုံးပြုသော လေးဘီးပါမော်တော်ဆိုင်ကယ်များ၊ မှတ်ပုံတင်ထားပြီး သက်တမ်း ငါးနှစ်ကျော် နှစ်ပြတ်နေသော သုံးဘီးမော်တော်ဆိုင်ကယ်များအား မှတ်ပုံတင် ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း သိရသည်။

နောင်တွင် မှတ်ပုံတင်မဲ့ယာဉ်များကိုအသုံးပြုပါက ယခုကဲ့သို့ OSS စနစ်ဖြင့် မှတ်ပုံတင် ပေးတော့မည် မဟုတ်ဘဲ ဥပဒေအရ ယာဉ်ကို နိုင်ငံတော် ဘဏ္ဍာအဖြစ်သိမ်း၍ အရေးယူ ခံရမည် ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ခဲ့သည်။မှတ်ပုံတင်ဆောင်ရွက်ရာတွင် အကောက်ခွန်နှုန်းထားများ၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနမှ ကောက်ခံမည့် မှတ်ပုံတင်နှုန်းထားများ၊ မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့ စီးပွားရေးဘဏ် တို့တွင် ပေးသွင်းရမည့် နှုန်းထားများအား မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်သည့်နေရာတွင် အသိပေး ကြေညာဆောင်ရွက်ပေးထားမည် ဖြစ်ကြောင်း ၊ မှတ်ပုံတင်လုပ်ငန်းများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးများတွင် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ယခုအခါ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်မှတ်ပုံတင်မဲ့ သုံးဘီးမော်တော်ဆိုင်ကယ်၊ လျှပ်စစ် သုံးဘီး ဆိုင်ကယ်များကို စီးနင်းအသုံးပြု နေကြကြောင်း စိစစ်တွေ့ရှိရကြောင်း ၊ ထိုသို့အသုံးပြုနေခြင်းသည် တရား ဥပဒေနှင့် ညီညွတ်မှုမရှိသည့်အပြင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ကြောင့် ယာဉ်တိုက်မှုနှင့် ရာဇဝတ်မှုခင်းဖြစ်စဉ်များ၌ စိစစ်ဖော်ထုတ်ရန် ခက်ခဲခြင်း၊Road Safety နှင့်ပတ်သက်၍ စနစ်တကျ ကြီးကြပ်ရန်ခက်ခဲခြင်းတို့ ကြောင့် ယင်းတို့ကိုမှတ်ပုံတင်ဆောင်ရွက်ပေးရန် လိုအပ်လာကြောင်း ထုတ်ပြန်ထားသည်။ယခင်က ၂ဝ၁ဝ၊ ၂ဝ၁၂၊ ၂ဝ၁၄ ခုနှစ်များတွင် နိုင်ငံတော်အတွင်းရှိ မှတ်ပုံတင်မဲ့ သုံးဘီး မော်တော်ဆိုင်ကယ် များကို One Stop Service စီမံချက် ပြုလုပ်ပြီး မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။(Xinhua)