Connect with us

Politics, Law & Military

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများအား အားပေးခြင်း၊ ထောက်ခံခြင်း၊ ပူးပေါင်းခြင်း မပြုရန် ထုတ်ပြန်

ဘင်္ဂါလီအကြမ်းဖက်သမားများမှ ဟိန္ဒူဘာသာဝင်များအား သတ်ဖြတ်ခဲ့သည့်နေရာပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ-- နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများအား အားပေးခြင်း၊ ထောက်ခံခြင်း၊ ပူးပေါင်းခြင်း မပြုကြပါရန် အသိပေး တိုက်တွန်းချက်များအား နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ မှ ယနေ့ ထုတ်ပြန်လိုက်သည်။

ထိုထုတ်ပြန်ချက်ထဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် မောင်တောဒေသအကြမ်းဖက်မှု ဖြစ်စဉ်၌ ပါဝင်သော အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများနှင့် ARSA တို့ကို အကြမ်းဖက် အုပ်စုအဖြစ် ကြေညာထားပြီး ဖြစ်ကြောင်း၊လက်ရှိအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဥပဒေနှင့်အညီ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို အကာအကွယ်ပေးရန်၊ မောင်တောဒေသအတွင်း တည်ငြိမ်အေးချမ်းမှုအမြန်ဆုံးတည်ဆောက်နိုင်ရန် ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက် ကြိုးပမ်းလျက် ရှိကြောင်း၊ ဤသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများကိုသာ နှိမ်နင်းနိုင်ရေး ဦးတည်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းပါရှိသည်။

အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်မှု မရှိသူများကို ဦးတည်ခြင်းဖြစ်ကြောင်း၊သို့ရာတွင် အကြမ်းဖက်သမားများကို ရှာဖွေ ဖော်ထုတ် ချေမှုန်းရာ၌ ကလေးသူငယ်များကို ရှေ့မှထား၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရန်ပြုခြင်းများ၊ လူနည်းစု တိုင်းရင်းသားကျေးရွာများကို လူအုပ်စုဖြင့် ဝင်ရောက်၍ မီးရှို့ခြင်း၊ အကြမ်းဖက် သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ အကြမ်းဖက်မှုများတွင် ပါဝင်သော လူပုဂ္ဂိုလ်အားလုံးသည် အကြမ်းဖက်မှု မြောက်မည် ဖြစ်ကြောင်း၊ အစွန်းရောက်အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်ခြင်း မရှိသူ ဘင်္ဂလီများအနေဖြင့် စိုးရိမ်ပူပန်မှု မရှိကြရန် လိုအပ်ကြောင်း၊ ထို့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်အရ ဆောင်ရွက်ရာတွင် တုတ်၊ ဓါး၊ လက်နက်များ ကိုင်ဆောင်ခြင်း၊ ရန်လိုခြင်းနှင့် ရန်ပြုခြင်းများ မပြုလုပ်ဘဲ အသာတကြည် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပါရှိသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်၍ သတ်မှတ်ထားသော ညမထွက်ရ နယ်မြေဒေသများတွင်လည်း သတ်မှတ်အချိန်များတွင် ပြင်ပသို့ သွားရောက်ခြင်းများ မပြုလုပ်ရန် အထူး အရေးကြီးကြောင်း၊ သို့ပါ၍ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် ပတ်သက် ဆက်စပ်ခြင်း မရှိဘဲ အေးချမ်းစွာ နေထိုင်လိုသူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်း မရှိဘဲ အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ကြပြီး ဒေသတည်ငြိမ်အေးချမ်းရေးကို ပါဝင်ဆောင်ရွက်ကြပါရန် အသိပေး တိုက်တွန်းအပ်ကြောင်း ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)