Connect with us

Politics, Law & Military

ယနေ့ကျင်းပသည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံ့ ခေါင်းဆောင်များလည်း ပြည်သူများနှင့် အတူ တက်ကြွစွာ ဆန္ဒမဲပေး

ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲထည့်နေသော မဲဆန္ဒရှင် ပြည်သူတစ်ဦး အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

ယနေ့နိုင်ငံ အဝန်းတွင် ကျင်းပနေသည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရသည့် မဲဆန္ဒရှင် ပြည်သူများက နံနက် ၆ နာရီမှ စ၍ မဲရုံများရှေ့တွင် မဲပေးရန် အတွက် တက်ကြွစွာ တန်းစီ စောင့်ဆိုင်းနေကြသလို၊ နိုင်ငံ့ ခေါင်းဆောင်များလည်း ပြည်သူများနှင့် အတူ မဲပေးခဲ့ကြကြောင်း တွေ့ရသည်။

ယနေ့ ရွေးကောက်ပွဲတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန် ၊ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၊ ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဌ ဦးနန္ဒကျော်စွာ၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်သော ဦးရဲထွဋ်၊ ဦးဉာဏ်ထွန်းအောင်၊ ဦးသိန်းညွန့်၊ ဦးမြတ်ဟိန်း၊ ဦးအုန်းမြင့် ၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း အစရှိသည့် ခေါင်းဆောင်တို့က နံနက်ပိုင်းတွင် လာရောက်မဲပေးခဲ့ကြကြောင်း တွေ့ရသည်။

ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲထည့်ပြီးကြောင်း သက်သေအဖြစ် ပြည်သူများ၏ လက်သန်းထိပ်တွင် မှင်ပြာ အမှတ်အသားများ ဆိုးထားသည်ကို မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲထည့်ပြီးကြောင်း သက်သေအဖြစ် ပြည်သူများ၏ လက်သန်းထိပ်တွင် မှင်ပြာ အမှတ်အသားများ ဆိုးထားသည်ကို မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲထည့်ပြီးကြောင်း သက်သေအဖြစ် ပြည်သူများ၏ လက်သန်းထိပ်တွင် မှင်ပြာ အမှတ်အသားများ ဆိုးထားသည်ကို မြင်တွေ့ရစဉ် (ဆင်ဟွာ)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ပြည်သူအားကိုးတဲ့ ပါတီပဲ အနိုင်ရမယ်လို့ ထင်တယ်။ ကျွန်တော်တို့ ပြည်သူက ရွေးချယ်တာပဲ ဘာမှ လက်မခံနိုင်စရာ အကြောင်းမရှိဘူးလေ။ အေးအေးချမ်းချမ်းနဲ့ ရွေးကောက်ပွဲကို ပြီးစေချင်တယ်။ ပြည်သူက သူတို့ အားကိုးတဲ့ပါတီတွေ အဖွဲ့အစည်းတွေ အောင်မြင်မှုရတာကို လိုလားတာပေါ့။ UEC က ရွေးကောက်ပွဲ ရလဒ် ကြေညာလိုက်ရင် လက်ခံရမယ်။ ရှုံးတဲ့သူလည်း လက်ခံရမယ်။ နိုင်တဲ့သူလည်း လက်ခံရမယ်’’ ဟု ယနေ့ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ဒဂုံမြို့နယ်တွင် နေထိုင်သည့် ဦးညီညီထွေး က “ကျွန်တော့်အသက် ၆၀ ပြည့်ပြီ၊ ပြောင်းလဲချိန်တန်ပြီ၊ အခုမဲလာထည့်တာက ကလေးတွေ အတွက် လာထည့်တာ’’ ဟု ဆင်ဟွာကို ပြောသည်။ ယောမင်းကြီးရပ်ကွက် ဗိုလ်ရာညွန့်လမ်းမှ ဒေါက်တာ အောင်ကျော်ဇောက “မဲထည့်ပြီးပြီ၊ ပြောင်းလဲမှု တစ်ခုကို လိုချင်လို့လာခဲ့တာ။ ၂၀၁၀ ရွေးကောက်ပွဲထက် စာရင် ကြိုတင် မဲကိစ္စထက် ရှင်းလင်းမှုရှိတယ်’’ ဟု ပြောသည်။

ယခု ရွေးကောက်ပွဲကို ၂၀၁၀ ရွေးကောက်ပွဲထက် ပြည်သူများက ပိုမို စိတ်ဝင်တစား တက်ကြွစွာ မဲပေးကြကြောင်း တွေ့ရသည်။ မဲဆန္ဒရှင်များ၏ Facebook လူမှု စာမျက်နှာတွင်လည်း ၎င်းတို့ မဲပေးပြီးကြောင်း၊ နိုင်ငံသား တာဝန်ကျေပွန်ပြီ ဖြစ်ကြောင်း မှင်ဆိုးထားသည့် လက်များကို ဓါတ်ပုံ ရိုက်၍ တင်ထားကြသည်ကို တွေ့ရသည်။
ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်သည့်၊ ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဌ ဦးနန္ဒကျော်စွာက “လူတိုင်းအပေါ်မှာ ယုံကြည်မှု ထားပြီးသားပါ။ ပြောရရင်တော့ မှန်ကန်စွာ ဆုံးဖြတ်နိုင်ဖို့ကိုပဲ အရေးကြီးတာပါ။ ဒီအချိန်မှာ သူတို့မှန်ကန်စွာ ဆုံးဖြတ်ဖို့အတွက် စိတ်အနှောင့်အယှက်တွေလည်း မဖြစ်ကြဖို့လည်း လိုပါတယ်။ မှန်ကန်သော ရွေးချယ်မှု ဖြစ်ဖို့ပဲ ဆုတောင်းပါတယ်။ ရွေးကောက်ပွဲ ရလဒ် မည်သူမဆို အကောင်းဆုံးကို မျှော်လင့်နေကြတာပဲ အခု ရွေးကောက်ပွဲက လုပ်ပေးကိုင်ပေးတဲ့သူတွေက မှန်ကန်ရင် အားလုံးက မျှတမှာပါ’’ ဟုပြောသည်။ (Xinhua)