Connect with us

Politics, Law & Military

နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် က ဟယ်လင်ကဲလား၏ နိုင်ငံတကာ လူသားအကျိုး ဆောင်ရွက်သူဆုအား လက်ခံရယူ


နေပြည်တော်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် Helen Keller International (HKI) အဖွဲ့က လာရောက် ပေးအပ်သည့် Helen Keller International Humanitarian Award ဆုကို ယနေ့ညနေ ၃ း ၃၀ နာရီတွင် နေပြည်တော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သံတမန် ခန်းမဆောင်၌ လက်ခံ ရယူခဲ့သည်။

အဆိုပါ ဆုကို HKI ဥက္ကဋ္ဌ Dr. Howard Cohn က ပေးအပ်ခဲ့ပြီး “ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် မြန်မာ ပြည်သူပြည်သားများ၏ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အစစ တိုးတက်အောင် အဘက်ဘက်က ကြိုးပမ်းခဲ့ မှုများ လူသားချင်း စာနာထောက်ထားပြီး ကူညီခဲ့မှုများကို အသိအမှတ်ပြုသည့်အနေနှင့်ဂုဏ်ပြုသည့်အနေနှင့်ဤဆုကို ပေးအပ်ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

ဟယ်လင်ကဲလား ဥက္ကဋ္ဌ အား နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည် လက်ခံ တွေ့ဆုံစဉ် (ဆင်ဟွာ)

ဟယ်လင်ကဲလား ဥက္ကဋ္ဌ က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားဆု ချီးမြှင့်စဉ် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ ဟယ်လင်ကဲလားဟာ မျက်စိလည်း မမြင်၊ နားလည်း မကြားရတဲ့ မစွမ်းမသန် ဘဝကနေ ကြိုးစားအားထုတ်ပြီးတော့ အခက်အခဲတွေကို ကျော်လွန်နိုင်တယ်၊ လူသားတွေကိုလည်း ကူညီနိုင်၊ စောင့်ရှောက်နိုင်ခဲ့တယ်။ ဒီလို အမျိုးသမီးဆီက ရရှိတဲ့ ဆုကို ကျွန်မ ပိုပြီး တန်ဖိုးထားပါတယ်၊ ဒီလိုပါပဲ ကျွန်မတို့ တိုင်းပြည်ကလည်း ဆက်လျှောက်ရမယ့် ခရီးရှည်ကြီးမှာ အခက်အခဲတွေ၊ အတားအဆီးတွေ အများကြီးကို ကျော်ဖြတ်ရဦးမယ်၊ ဒီလို အခက်အခဲတွေ အတားအဆီးတွေကို အနိုင်ယူ ကျော်လွှားနိုင်ဖို့အတွက် ဟယ်လင်ကဲလားရဲ့ စိတ်ဓာတ်မျိုး နဲ့လုပ်ဆောင် သွားပါမယ်” ဟု ဆု လက်ခံ အပြီးတွင် ပြန်လည် ပြောကြားခဲ့သည်။

ထိုဆုကို ယခင်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၊ တောင်အာဖရိက ဘုန်းတော်ကြီး နိုဘယ်ဆုရှင် ဒက်စမွန် တူးတူး၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် စသည့် ပုဂ္ဂိုလ်များ လည်း ရခဲ့ဖူးကြောင်း သိရသည်။ မြန်မာနိုင်ငံမှ မျက်စိ အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ သန်းအောင်သည်လည်း အလားတူ ဆုကို တစ်ပြိုင်တည်း ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.