Connect with us

Politics, Law & Military

၇၁ နှစ်မြောက် အာဇာနည်နေ့တွင် လုံခြုံရေးပိုင်းဆိုင်ရာ တင်းကြပ်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်မှာကြား

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအားတွေ့ရစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

လာမည့်ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် ၇၁ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအတွက် လုံခြုံရေးပိုင်းဆိုင်ရာကိစ္စရပ်များကို တင်းတင်းကြပ်ကြပ်ဆောင်ရွက်သွားရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မှာကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။

ယနေ့၊ နံနက်ပိုင်းက အာဇာနည်ဗိမာန်ကွပ်ကဲရေးရုံးတွင် ပြုလုပ်သည့် ၇၁ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အာဇာနည်နေ့အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌရန်ကုန်တိုင်းဝန်ကြီးချုပ်က သက်ဆိုင်ရာကော်မတီများအား အထက်ပါအတိုင်း မှာကြားခဲ့ခြင်း ဖြစ်သည်။

“အဓိကမှာကြားလိုတာကတော့ လုံခြုံရေးပိုင်းဆိုင်ရာကိစ္စရပ်ပဲ ဖြစ်ပါတယ်။ အဆောက်အအုံတွေ၊ အာဇာနည်ဗိမာန်ပေါ်မှာ ထားရှိမယ့် အဆောက်အဦ တွေ၊ ယာယီအမိုးတွေအပေါ်မှာ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်ဖို့ လိုပါမယ်။ ဗဟိုစည်းလုံခြုံရေး၊ အတွင်းစည်း၊ အပြင်စည်းလုံခြုံရေးတွေကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်နိုင်ဖို့ ကြိုတင်အစမ်းလေ့ကျင့် ပြင်ဆင်ထားကြဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ လုံခြုံရေးပိုင်းဆိုင်ရာကိစ္စရပ်တွေကတော့ အရေးအကြီးဆုံး ဖြစ်ပါတယ်။” ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

အာဇာနည်နေ့အတွက် ဇူလိုင် ၁၇ ရက်နေ့တွင် ဝတ်စုံပြည့်နောက်ဆုံးအစမ်းလေ့ကျင့်မည် ဖြစ်ပြီး လေ့ကျင့်မှုအား ဒုတိယသမ္မတကြီးကိုယ်တိုင် တက်ရောက်စစ်ဆေးမည်ဖြစ်သောကြောင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများအလိုက် ပြင်ဆင်ထားကြရန် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

“နောက်တစ်ချက်ကတော့ ၁၈ ရက်နေ့မှာ လာပို့မယ့် ပန်းခွေ၊ ပန်းခြင်း၊ ပန်းစည်းတွေနဲ့ ပတ်သက်ပြီးတော့လည်း လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအနေအထားဟာ တာဝန်ရှိတဲ့နိုင်ငံတော် အကြီးအကဲများကိုင်ရမယ့် ပစ္စည်းများဖြစ်သလို တစ်ချိူ့အခြေအနေတွေက အနီးဆုံးနေရာမှာရှိမယ့် ပန်းခွေ၊ ပန်းခြင်းများ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာတွေကို လုံခြုံရေးတင်းတင်းကြပ်ကြပ် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ နိုင်ငံတော်အကြီးအကဲအနေနဲ့ ၅ ဦ တက်ရောက်မှာဖြစ်တဲ့အတွက် ပန်းခွေကိုအလေးပြုတဲ့အချိန်မှာ အဆင်ပြေချောမွေ့နိုင်ဖို့အတွက်အစမ်းလေ့ကျင့်မှုမှာ ဒီအခြေအနေကိုလည်း စနစ်တကျပြင်ဆင်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။’’ ဟု ဝန်ကြီးချူ ပ်က မှာကြားခဲ့သည်။

ထို့ပြင် အရေးပေါ်အခြေအနေတစ်ခုပေါ်ပေါက်လာပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်း ရေးမှုးကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှုးကသော်လည်းကောင်း မိမိတို့အစိုးရအဖွဲ့ထံ ဆက်သွယ်ဆောင်ရွက်ရန်ကိုလည်း မှာကြားခဲ့ပြီး လိုအပ်ချက်အားလုံးကို ၁၇ ရက်နေ့တွင် အပြီးသတ်ပြင်ဆင်ဆောင်ရွက်ထားကြရန် ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.