Connect with us

Politics, Law & Military

ပထမဆုံး အကြိမ် နိုင်ငံတော် အကြီးအကဲတာဝန် နှင့် အစိုးရအဖွဲ့တာဝန်များ စနစ်တကျ လွှဲပြောင်း ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် ဦးစီးပြုလုပ်

နိုင်ငံတော် အကြီးအကဲတာဝန် နှင့် အစိုးရအဖွဲ့တာဝန်များ စနစ်တကျ လွှဲပြောင်း ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ-U Ye Htut Facebook)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

နိုင်ငံတော်အကြီးအကဲတာဝန် နှင့် အစိုးရအဖွဲ့တာဝန်များ စနစ်တကျ လွှဲပြောင်း ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ပထမဆုံး အကြိမ် အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးစီး၍ ဒီဇင်ဘာ ၁၆ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ကောင်းမွန်သည့် ရည်ရွယ်ချက်များနှင့် ဆက်လက် ဆောင်ရွက်ကြမည့် ကိစ္စများကို ဆွေးနွေးခဲ့ကြပြီး ဆက်လက်၍ တစ်ပတ်လျှင် ၃ ၊ ၄ ရက်ခန့်ပုံမှန် တွေ့ဆုံသွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ဆင်ဟွာသို့ပြောကြားသည်။

ထိုအစည်းအဝေး၌ တာဝန်လွှဲပြောင်းရာတွင် အဆင်ပြေချောမွေ့ စေရန်အတွက် နှစ်ဘက်ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို အသေးစိတ် ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့် ရှိသူ ၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြရေးသားထားသည်။

နိုင်ငံတော် အကြီးအကဲတာဝန် နှင့် အစိုးရအဖွဲ့တာဝန်များ စနစ်တကျ လွှဲပြောင်း ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးသို့ အစိုးရအဖွဲ့ဘက်မှ နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့် ရှိသူ ၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ် ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးမောင်မောင်အုန်း ၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေး တို့တက် ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်မှ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန် ၊ ဒေါက်တာ မျိုးအောင် နှင့် ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာ အောင်သူတို့တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.