Connect with us

Politics, Law & Military

မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်သည့် မူးယစ်ဆေးဝါးပပျောက်ရေးနှင့် အစားထိုးဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာများ တိုးချဲ့ ဆောင်ရွက်ရေး ဆွေးနွေး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် နှင့် ထိုင်းနိုင်ငံ၊ တော်ဝင် တပ်မတော်မှ အိမ်နီးချင်းနိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး စင်တာ ညွှန်ကြားရေးမှူး General Singhasak Uthaimongkol ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ဆွေးနွေးနေစဉ် (ဓာတ်ပုံ- Ministry of Border Affairs)

ရန်ကုန် ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် မူးယစ်ဆေးဝါး ပပျောက်ရေးနှင့် အစားထိုးဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များ တိုးချဲ့ ဆောင်ရွက်ရေးတို့အား နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ထိုင်းနိုင်ငံ၊ တော်ဝင် တပ်မတော်မှ အိမ်နီးချင်းနိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး စင်တာ ညွှန်ကြားရေးမှူး General Singhasak Uthaimongkol ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့သည် ယနေ့ဇွန်လ ၁၅ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက် အစားထိုး ဖွံ့ဖြိုးရေး စီမံကိန်းအား ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တာချီလိတ်နှင့် မိုင်းဆတ် ဒေသတို့တွင် စီမံကိန်းရံပုံငွေ ဘတ် (၃၅၀) သန်း ဖြင့် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့၊ မယ့်ဖါးလုံ ဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ နယ်စပ်ဒေနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်း၍ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထို့ကြောင့် နှစ်နိုင်ငံ နယ်စပ်ဒေသရှိ ပြည်သူများ အတွက် ရေရှည် တည်တံ့သော ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းစဉ် များတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်ရေး ၊ နှစ်နိုင်ငံ နယ်စပ် ဒေသများ တစ်လျှောက် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံ ဒေသတွင်း နိုင်ငံအချင်းချင်း ပိုမို ပူးပေါင်း ဆောင်ရွက်ရေး တို့အား ယနေ့တွေ့ဆုံရာတွင် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.