Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတမှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအား လက်မှတ်ရေးထိုး အတည်ပြု ထုတ်ပြန်

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကြေညာချက်အားတွေ့ရစဉ်(ဓာတ်ပုံ-မြန်မာနိုင်ငံပြန်တမ်း)

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်က အောက်တိုဘာ ၁၈ ရက်က လက်မှတ်ရေးထိုး အတည်ပြု ထုတ်ပြန်လိုက်သည်။

အဆိုပါ ဥပဒေတွင် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိ့ တာဝန်ယူမှုရှိသော ရင်းနှီးမြှှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးရန်၊ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်လာစေရန် နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးလာရန် စသည့်တို့ ပါဝင်သည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို နိုင်ငံပိုင်သိမ်းယူခြင်းမပြုလုပ်ဘဲ နှစ်ရှည်မြေနှင့် အဆောက်အအုံ ငှားရမ်းခွင့်ကို ကနဦး နှစ် ၅၀၊ သက်တမ်းတိုးခွင့် ၁၀ နှစ် နှစ်ကြိမ် စုစုပေါင်း နှစ် ၇၀ ထိလုပ်ကိုင်ခွင့် ပေးထားသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေပေါ်မူတည်ပြီး ဇုန် ၃ဇုန်ခွဲထားကာ ရင်းနှီးမြုှပ်နှမှုံများကို ၃ နှစ်မှ ၇ နှစ်ထိ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပေးထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117