Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်အတွင်းရှိ  ကျောက်တစ်လုံး ယာယီခိုလှုံရာစခန်း ပိတ်သိမ်းနိုင်ရေး စတင်ဆောင်ရွက်

ကျောက်တစ်လုံး ယာယီခိုလှုံရာစခန်း ပိတ်သိမ်းနိုင်ရေး အစည်းအဝေးကျင်းပစဉ်(လူကယ်ပြန်)

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်တွင် ပြည်တွင်းနေရပ်စွန့်ခွာသူ(IDP)များ၏ စခန်းများပိတ်သိမ်းရေးကို အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ ဆောင်ရွက်လျက်ရှိရာ ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံး ယာယီခိုလှုံရာစခန်း ပိတ်သိမ်းနိုင်ရေးကို စတင်ဆောင်ရွက်နေကြောင်း  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း ပိတ်သိမ်းရန်ကျန်ရှိသော ယာယီခိုလှုံရာ စခန်းများအနက် ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံး ယာယီခိုလှုံရာစခန်း ပိတ်သိမ်းနိုင်ရေးအတွက်  မဟာဗျူဟာပါလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်နိုင်ရန် လာရောက်ညှိနှိုင်း ဆွေးနွေးခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မဟာဗျူဟာ၏ ရည်ရွယ်ချက်ဖြစ်သော “ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိပြီး မှီခိုမှုကင်းသောဘဝများကို ပြန်လည်တည်ဆောက်နိုင်ရေး” အတွက် ဦးတည်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ၎င်းကဆိုသည်။

စခန်းပိတ်သိမ်းပြီး ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင် ရရှိရေးသည် ဖွံ့ဖြိုးမှုတိုးတက်မှုများ ဆောင်ရွက်ရာတွင် အရေးကြီးကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) သည်လည်း ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အရေးကြီးသည့်ကဏ္ဍအနေဖြင့် ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ပြန်လည်နေရာချထားရေးနှင့် စခန်းပိတ်သိမ်းရေးဆောင်ရွက်ရာတွင် နေအိမ်များ၊ ဈေး၊ လမ်း၊ တံတား၊ အစရှိသော အခြေခံအဆောက်အအုံတည်ဆောက်ပေးခြင်း၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးခြင်း၊ ကျန်းမာရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖော်ဆောင်ပေးရေး၊ အများပြည်သူ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လွတ်လပ်စွာ သွားလာခွင့်၊ လူမှုသဟဇာတဖြစ်စေရေးနှင့် လူမှုပေါင်းစည်းရေးဖော်ဆောင်မှုနှင့် ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် စသည့်ကဏ္ဍများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာကို ၂၀၁၈ခုနှစ်ဆန်းပိုင်းမှစတင်ရေးဆွဲ ဖော်ဆောင်ခဲ့ပြီး မဟာဗျူဟာကို ရေးဆွဲနေစဉ်ကပင်  ကျောက်တော်မြို့နယ်အတွင်းရှိ နိဒင် စခန်း၊ မြေပုံမြို့နယ်အတွင်းရှိ တောင်ပေါ်စခန်းများကို စနစ်တကျပိတ်သိမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.