Connect with us

Politics, Law & Military

၂၀၁၉ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာ တန်ဖိုးငွေကျပ် ၃၄၃ ဒသမ ၅၈ ဘီလီယံရှိဟုဆို 

တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ)

၂၀၁၉ ခုနှစ်အတွင်း တပ်မတော်၊ ရဲတပ်ဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့၏ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု စုစုပေါင်းတန်ဖိုးမှာ မြန်မာကျပ်ငွေ ၃၄၃ ဒသမ ၅၈ ဘီလီယံ ရှိသည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦးက ယနေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း ဘိန်းဖြူ ၂၄ ဒသမ ၈၈၇ ကီလို၊ ဘိန်းစိမ်း ၀ ဒသမ ၈ ကီလို၊ ဘိန်းမည်း ၁၈ ဒသမ ၇၆၈ ကီလို၊ စိတ်ကြွဆေးပြား ၄၆ သိန်းကျော်၊ အခြား မူးယစ်ဆေးနှင့် ဆက်စပ် ပစ္စည်း ၃ ဒသမ ၃၅၅ ကီလို၊ တန်ဖိုး ကျပ် ၁၂ ဒသမ ၈ ဘီလီယံ၊ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် နယ်မြေ၌ ဘိန်းဖြူ ၁၂၁ ဒသမ ၆၇၆ ကီလို၊ ဘိန်းစိမ်း ၈၇ ဒသမ ၇၀၅ ကီလို၊ ဘိန်းမည်း ၀ ဒသမ ၀၀၃ ကီလို၊ စိတ်ကြွဆေးပြား ငါးသိန်းကျော်၊ အိုင်းစ် ၈၅၇ ဒသမ ၃၃၉၊ အခြား ဆက်စပ် ပစ္စည်း ၆၀၀၁ ကီလို၊ တန်ဖိုး ကျပ် ၂၇ ဒသမ ၈ ဘီလီယံ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေတွင် ဘိန်းဖြူ ၀ ဒသမ ၃၈ ကီလို၊ ဘိန်းစိမ်း ၁၃၉ ဒသမ ၄၃၇ ကီလို၊ ဆေးခြောက် ၇ ဒသမ ၂ ကီလို၊ စိတ်ကြွဆေးပြား တစ်သိန်းခြောက်သောင်းကျော်၊ အိုင်းစ် ၅၀၄ ဒသမ ၁၇၂၊ အခြား ပစ္စည်း ၆၄၇ ကီလို၊ တန်ဖိုး ကျပ် ၁၇ ဒသမ ၆ ဘီလီယံ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေတွင် ဘိန်းဖြူ ၂၂ ဒသမ ၃၅ ကီလို၊ ဘိန်းစိမ်း ၂၂ ဒသမ ၄ ကီလို၊ ဘိန်းမည်း ၁၅ ဒသမ ၀၀၄ ကီလို၊ စိတ်ကြွဆေးပြား ဆယ်သိန်းကျော်၊အိုင်းစ် ၇၅၁၊ အခြား ပစ္စည်း ၄,၂၂၃ ကီလို၊ တန်ဖိုး ကျပ် ၃၉ ဒသမ ၃ ဘီလီယံ၊ ြတ်ဂံဒေသ တိုင်း စစ်ဌာနချုပ် နယ်မြေတွင် ၆၁ ဒသမ ၄၆၆ ကီလို၊ ဘိန်းစိမ်း ၁ ဒသမ ၀၅ ကီလို၊ ဘိန်းမည်း ၄၈ ဒသမ ၉၈ ကီလို၊ စိတ်ကြွဆေးပြား နှစ်သိန်းကျော်၊ အိုင်းစ် ၁၄၂၈ ဒသမ ၉၃၂၊ အခြား ပစ္စည်း ၈၆၂၉ ကီလို၊ တန်ဖိုး ကျပ် ၇၄ ဒသမ ၃ ဘီလီယံ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း၌ စိတ်ကြွဆေးပြား ကိုးသောင်းကျော်၊ အိုင်းစ် ၁၄ ဂရမ်၊ တန်ဖိုး ကျပ် ၀ ဒသမ ၀၆ ဘီလီယံ၊ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် နယ်မြေတွင် စိတ်ကြွဆေးပြား ၁၁၀,၀၀၀ (တစ် သိန်း တစ်သောင်း)ကျော်၊ အိုင်းစ် ၃၀၅၆ ဒသမ ၁၄၅ ၊ အခြား ပစ္စည်း ၁၆၆၈ ကီလို၊တန်ဖိုး ကျပ် ၇၆ ဒသမ၈ ဘီလီယံ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်မြေတွင် စိတ်ကြွဆေးပြား ၁,၁၈၀,၀၀၀ (ဆယ့် တစ်သိန်း ရှစ်သောင်း)ကျော်၊ အိုင်းစ် ၇၄၀ ကီလို၊ တန်ဖိုး ကျပ် ၆၂ ဒသမ ၁ ဘီလီယံ၊ အနောက် ပိုင်း တိုင်း စစ်ဌာနချုပ် နယ်မြေတွင် စိတ်ကြွဆေးပြား ၁၃၂ သိန်းကျော်၊တန်ဖိုး ကျပ် ၂၆ ဒသမ ၄ ဘီလီယံ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေတွင် ဘိန်းဖြူ ၁ ဒသမ ၇၆ ကီလို၊ စိတ်ကြွ ဆေးပြား နှစ်သောင်းကျော်၊ တန်ဖိုး ကျပ် ၀ ဒသမ ၀၂၉ ဘီလီယံ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေတွင် ဘိန်းဖြူ ၂ ဒသမ ၂ ကီလို၊ စိတ်ကြွဆေးပြား ၄၄၀,၀၀၀ (လေးသိန်း လေးသောင်း) ကျော်၊ တန်ဖိုး ကျပ် ၀ ဒသမ ၀၄၁ ဘီလီယံ၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေတွင် ဘိန်းဖြူ ၁၁ ဒသမ ၇ ကီလို၊ ဘိန်းစိမ်း ၄၆ ဒသမ ၉ ကီလို၊ စိတ်ကြွဆေးပြား ကိုးသိန်းကျော်၊တန်ဖိုး ကျပ် ၀ ဒသမ ၄၉ ဘီလီယံ၊ အသီးသီး ဖြစ်ကြပြီး စစ်တိုင်းဒေသကြီး ၁၂ ခုလုံး၌ ၂၀၁၉ တစ်နှစ်တာအတွင်း ဖမ်းဆီး ရရှိမှုမှာ တန်ဖိုးအားဖြင့် ကျပ် ၃၄၃ ဒသမ ၅၈ ဘီလီယံ ရှိသည်ဟု တပ်မတော် သတင်းမှန် ပြန်ကြား ရေး အဖွဲ့ ဥက္ကဌက ပြောခဲ့သည်။

အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦး ဖြေကြားနေစဉ် (ဆင်ဟွာ)

ထို့အပြင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလဆန်းမှ ၂၀ ရက်နေ့အထိ ဖမ်းဆီးရမိမှုမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း၌ ဘိန်းဖြူ ၁၃ ဒသမ ၅၀၉ ကီလို၊  တန်ဖိုးအားဖြင့် ကျပ် ၀ ဒသမ ၀၃ ဘီလီယံ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း ဘိန်းဖြူ ၆ ဒသမ ၁၆၂ ကီလို၊ စိတ်ကြွ ဆေးပြား ၁၄ သိန်းကျော်၊ အိုင်းစ် ၈ ကီလို၊ အခြား ပစ္စည်း ၇ ဒသမ ၄၆ ကီလို၊တန်ဖိုး ကျပ် ၀ ဒသမ ၂၆ ဘီလီယံ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေတွင် ဘိန်းစိမ်း ၂၇ ဒသမ ၉ ကီလို၊ ဆေးခြောက် ၀ ဒသမ ၁၈ ကီလို၊ စိတ်ကြွဆေးပြား ၂၈၀,၀၀၀ ကျော်၊ အိုင်းစ် ၂၀ ကီလို၊ အခြား ပစ္စည်း ၂၀ ကီလို၊တန်ဖိုး ကျပ် ၀ ဒသမ ၀၆ ဘီလီယံ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေတွင် ဘိန်းမည်း ၀ ဒသမ ၂၅ ကီလို၊ စိတ်ာကြွဆေးပြား ၇၆၇ ပြား၊ တန်ဖိုး ကျပ် ၀ ဒသမ ၀၀၉ ဘီလီယံ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် နယ်မြေတွင် ဘိန်းစိမ်း ၀ ဒသမ ၇ ကီလို၊ စိတ်ကြွဆေးပြား ၄၅၀၀၀၀ ကျော်၊တန်ဖိုး ကျပ် ၀ ဒသမ ၀၆ ဘီလီယံ၊ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် နယ်မြေတွင် အိုင်းစ် ၇၃၂ ကီလို၊ အခြား ပစ္စည်း ၄၉၀ ကီလို၊ တန်ဖိုး ကျပ် ၂၃ ဒသမ ၂ ဘီလီယံ ရှိခဲ့ရာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ အတွင်း၌ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု တန်ဖိုးမှာ ကျပ် ၂၇ ဒသမ ၅ ဘီလီယံ ရှိကြောင်း လည်း ၎င်းက ပြောကြားခဲ့သည်။

နေပြည်တော်၊ တပ်မတော် စစ်သမိုင်းပြတိုက်၌ ယနေ့ ပြုလုပ်သော အဆိုပါ သတင်းစာ ရှင်းပွဲသို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦးနှင့်အတူ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ် ထွန်းထွန်းညီ၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ ဒုတိယ စစ်ဥပဒေချုပ် ဗိုလ်ချုပ် သောင်းနိုင် တို့ တက်ရောက်ခဲ့ကြပြီး မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.