Connect with us

Politics, Law & Military

သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား ၈၃ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၆၃ ဦး ပါဝင် လွတ်မြောက်ဟုဆို

သမ္မတ လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် ရန်ကုန်အင်းစိန် အကျဉ်းထောင်မှ လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများ (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသား ၈၃ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၆၃ ဦးပါဝင်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းမှ ထုတ်ပြန်သည်။

အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးပုဒ်မဖြင့်အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား ၁၂၄ဦးရှိရာ ယနေ့ ၆၃ ဦး လွတ်မြောက်လာသဖြင့် ၆၁ ဦး လွတ်မြောက်ရန် ကျန်ရှိနေကြောင်း ၊ ကျန်ရှိနေသော လွတ်မြောက် နိုင်ငံရေး အကျဉ်းသား စာရင်းများကိုလည်း အချိန်နှင့် တပြေးညီ ထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းမှ ကြီးကြပ်ရေးမှူး ဦးချစ်ကိုလင်းက ပြောကြားသည်။
မြန်မာ့ နှစ်သစ်ကူး ကာလတွင် အမျိုးသား ရင်ကြားစေ့ရေး နှင့် ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းမှုအား ဦးတည်သောအားဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) အရ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ဖြင့် နိုင်ငံရေး အကျဉ်းသားများ ဖြစ်သည့် ရန်ကုန် အင်းစိန်ထောင်မှ ၁၆ ဦး၊ မန္တလေး အိုးဘိုထောင်မှ ၄ ဦး၊ ပြည်အကျဉ်းထောင်မှ ၆ ဦး စသည့်တို့ လွတ်မြောက်လာသည်။
မန္တလေး အိုးဘိုထောင်မှ ယနေ့ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများမှာ လယ်သမားအရေး လှုပ်ရှားသူ ကိုအောင်စိုး ၊ ဗကသ ကျောင်းသား ရဲရင့်ပိုင်မှူး ၊ နေပြည်တော် ဝဲကြီးရွာမှ ဦးဇော်လတ် ၊ မန္တလေး ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လူငယ်အဖွဲ့မှ ကိုဇော်ဝင်းဘို၊ ပြည်မြို့အကျဉ်းထောင် မှ နိုင်ငံရေး အကျဉ်းသားများ ဖြစ်သည့် ကိုဝင်းလှိုင်၊ ကိုကျော်ဆွေ၊ ကိုဇော်လေး၊ ကိုသန်းထွန်းဇော်၊ ကိုမျိုးနိုင်နှင့် ကိုဝင်းလှိုင်ထွန်းတို့ ပြန်လည် လွတ်မြောက်လာသည်။
ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်စပ်သည်ဟု ဆိုကာ ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရသူ ၄ ဦးဖြစ်သည့်
ဦးစံမောင်သာ၊ ဦးစံအေးမောင်၊ ဦးတင်ရွှေနှင့် ဦးရွှေလုံး(ခ) ဦးရွှေစိန်ဝင်းတို့သည် ယနေ့ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် စစ်တွေ အကျဉ်းထောင်မှ လွတ်မြောက်လာသည်။
အမှတ် (၂၄) တပ်မတော် ကာကွယ်ရေး ပစ္စည်းစက်ရုံ သတင်းဖော်ပြခဲ့ ခြင်းကြောင့် ထောင်ဒဏ် (၁၀) နှစ် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသော ယူနတီဂျာနယ်မှ ငါးဦးလည်း ယနေ့ လွတ်မြောက်လာသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.