Connect with us

Politics, Law & Military

အပစ်အခတ် ရပ်စဲရေး အပြီးသတ် ရေးထိုးနိုင်ရေးအတွက် ဇူလိုင်လ ၂၂ တွင် ရန်ကုန်၌ ဆွေးနွေးမည်

ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) တို့ ငြိမ်းချမ်းရေး ဆွေးနွေးစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို အပြီးသတ် လက်မှတ် ရေးထိုးနိုင်ရေး အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ (SD)တို့ ဇူလိုင်လ ၂၂ ရက်နေ့၌ ရန်ကုန်တွင် ဆွေးနွေးမည် ဖြစ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များထံမှ သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် လော်ခီးလာ ညီလာခံ မူဝါဒ တခုဖြစ်သော အပစ်ရပ် လက်မှတ် ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင်များ အားလုံး ပါဝင်ရေးဆိုသော ပြင်ဆင် ဖြည့်စွက်ချက် အပါအဝင် ပြင်ဆင် ဖြည့်စွက်ချက်များ အားလုံးကို ဆွေးနွေး ညှိနှိုင်းမည် ဖြစ်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး အဖွဲ့ (EAOs’ Senior Delegation) နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) တို့ ဇူလိုင်လ ၁၅ ရက်နေ့က တွေ့ဆုံ ဆွေးနွေး ပြီးနောက် အဆိုပါ သဘောတူညီ ချက်ထွက် ပေါ်လာခြင်းဖြစ်သည်။

နိုင်ငံတော် သမ္မတသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်ရန် ကြိုးပမ်းမည်ဟု ရေဒီယို မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြား ထားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117