Connect with us

Politics, Law & Military

တပ်မတော်နှင့် DKBA ထိတွေ့ တိုက်ခိုက်မှု ၃၉ ကြိမ်ဖြစ်ပွား၊ နှစ်ဖက် ကျဆုံးမှုရှိဟု ထုတ်ပြန်

အာရှလမ်းမကြီး (ဓာတ်ပုံ- နိုင်မောင်ဇော်)

ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

မြဝတီ-သင်္ကန်း ညီနောင် – ကော့ကရိတ် လမ်းဟောင်းနှင့် အာရှ လမ်းသစ်များတွင် မြန်မာ့ တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) တို့ တိုက်ပွဲပေါင်း အကြိမ် ၃၉ ကြိမ်ဖြစ်ပွားပြီး နှစ်ဖက် အကျအဆုံး များရှိခဲ့ကြောင်း တပ်မတော်က ယနေ့ သတင်း ထုတ်ပြန်သည်။

ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ဗိုလ်ချုပ် ကျော်သက်နှင့် ဗျူဟာမှူး စောဆန်းအောင်အဖွဲ့ကို တပ်မတော်နှင့် နယ်ခြားစောင့်တပ် (BGF) ပူးပေါင်း၍ နယ်မြေ ရှင်းလင်း ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၂ ရက်နေ့မှ စတင်ပြီး ယနေ့အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု လမ်းဟောင်းပေါ်၌ ၁၉ ကြိမ်နှင့် အာရှလမ်း သစ်ပေါ်၌ ၂၀ ကြိမ် ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ အကျအဆုံးနှင့် ထိခိုက် ဒဏ်အချို့ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။

DKBA အဖွဲ့ထံမှ အရှင်ဖမ်းမိ ၃ ဦး၊ အလောင်း ၄ လောင်း၊ လက်နက်မျိုးစုံ ၆ လက်၊ ခဲယမ်းမျိုးစုံနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိသည်။

လမ်းသစ် လမ်းဟောင်း နှစ်ခုစလုံးအား ရှင်းလင်းခဲ့ရာ ၂၀၁၅ ဇူလိုင်လ ၈ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မြဝတီ-သင်္ကန်းညီနောင်-ကော့ကရိတ် လမ်းဟောင်းအား လည်းကောင်း၊ ဇူလိုင်လ ၉ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် လမ်းသစ်အား လည်းကောင်း ထိန်းချုပ်နိုင်ခဲ့ကာ ပြန်လည် ဖွင့်လှစ်နိုင်ခြင်းကြောင့် ကုန်စည် စီးဆင်းမှုနှင့် အများပြည်သူ ပုံမှန်အတိုင်း သွားလာလျက်ရှိသည်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဒေသလုံခြုံရေးစစ်ဆေးရန် အာရှလမ်းသစ်မှ သွားရောက်ရန်အတွက် ကြိုတင်အသိပေး အကြောင်းကြားပြီး တပ်မတော်စစ်ကြောင်းများက လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်စဉ် တစ်ဖက်မှ စတင်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲ ဖြစ်ပွားမှုများမရှိဘဲ ခရီးသွားပြည်သူများ သွားလာခွင့် ပေးထားကြောင်း၊ ကော့ကရိတ်ဘက်တွင်သာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း ကရင်ပြည်နယ် နယ်ခြား စောင့်တပ်ဖွဲ့ (BGF) ဗိုလ်မှူး နိုင်မောင်ဇော်က ပြောကြားသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်း မကြီးအသစ်ကို ဇူလိုင်လအတွင်း ထိုင်း-မြန်မာ ၂ နိုင်ငံ တာဝန်ရှိသူများ ပူးပေါင်း ဖွင့်လှစ်ဖို့ရှိသည့်အတွက် အစိုးရတပ်များ လုံခြုံရေး တိုးမြှင့်ပြီး ပြင်ဆင်မှုများ ပြုလုပ်ခဲ့ချိန်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အဆိုပါ အာရှလမ်းမကြီး တရားဝင် ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော်လည်း ခရီးသွားပြည်သူများ သွားလာခွင့် ပေးထားလျှက် ရှိသည်။

ခရီးသွား ပြည်သူများ လွယ်ကူ ချောမွေ့စွာ ခရီးသွားနိုင်ရေး၊ နယ်စပ်ဒေသ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေး နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အာဆီယံ ဒေသအတွင်းရှိ နိုင်ငံများနှင့် ကူးလူး သွားလာနိုင်ရေးတို့အတွက် မြဝတီ-သင်္ကန်းညီနောင်-ကော့ကရိတ် အာရှ လမ်းသစ်အား နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရနှင့် အိမ်နီးချင်း နိုင်ငံတို့ ပူးပေါင်း၍ ဖောက်လုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117