Connect with us

Politics, Law & Military

USDP ပါတီတွင်း အပြောင်းအလဲ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သူရ ဦးရွှေမန်း ပြည်ထောင်စု လွှတ်တော်တွင် ရှင်းလင်း တင်ပြ

ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း မိန့်ခွန်းပြော ကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းသည် ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတွင်း အပြောင်းအလဲနှင့် ပတ်သက်ပြီး ပြဿနာများ ဒီထက် မကြီးမားစေရန် ရှင်းလင်း တင်ပြခဲ့သည်။

အဆိုပါ ပြည်ခိုင်ဖြိုး ပါတီအတွင်း ထိပ်ပိုင်း ခေါင်းဆောင်များ အချင်းချင်း စိတ်ဝမ်းကွဲနေခြင်း၊ ပါတီ ရန်ပုံငွေများကို ပွင့်လင်း မြင်သာမှု မရှိဘဲ သုံးစွဲနေခြင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အလွဲသုံးစား လုပ်ခြင်း၊ ပါတီတွင်း ဒီမိုကရေစီ ကျင့်စဉ်ကို မျက်ကွယ် ပြု၍ ပူးတွဲ ဥက္ကဌ ထမ်းဆောင်သူ တစ်ဦးတည်း ဆန္ဒအရ ပြုလုပ်နေခြင်း၊ မဲဆန္ဒရှင် အချို့မှ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားခြင်းနှင့် ရွေးကောက်ပွဲ အောင်နိုင်ရေးကို ထိခိုက်လာနိုင်ခြင်း စသည့်တို့ကို သူရ ဦးရွှေမန်းနှင့် ဦးဌေးဦးထံ သြဂုတ်လ ၁၃ ရက်နေ့တွင် စာတစ်စောင် ပေးပို့ခဲ့သည်။

ယင်းပေးပို့မှုနှင့် ပတ်သက်ပြီး သူရ ဦးေရွှေမန်းသည် ရည်ရွယ် လုပ်ဆောင်ခြင်း မရှိကြောင်း၊ ရိုးသားစွာ ဝန်ခံကြောင်း ပြည်ထောင်စု လွှတ်တော်တွင် ဝန်ခံ ပြောကြားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတွင်း လတ်တလော ဖြစ်ပေါ်နေသည့် ကိစ္စများကို လွှတ်တော်အတွင်း ယူဆောင်လာခြင်း မပြုစေလိုကြောင်း သူရ ဦးရွှေမန်းက ဆိုသည်။

လက်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့အစည်း အပြောင်းအလဲကို ပါတီတွင်း စည်းစည်း လုံးလုံးဖြစ်ပြီး အားလုံး ဝိုင်းဝန်း လုပ်ဆောင်ရန် ပြောင်းလဲ ခဲ့ကြောင်း၊ မည်သူ့ကိုမျှ အာဃာတ မထားဘဲ ပါတီတွင်း စည်းလုံး ညီညွတ်မှုရှိအောင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ယင်းပါတီ၏ ဒုတိယ ဥက္ကဌ (ပူးတွဲ ဥက္ကဌ) တာဝန် ထမ်းဆောင်နေသည့် ဦးဌေးဦးက ယနေ့ မီဒီယာများကို ဖြေကြားသည်။

“ ဒီနေ့ဖြစ်တဲ့ ကိစ္စတွေ အားလုံး သိပြီးသားပါ၊ ဒီထက် ဘာမှလဲ ပိုမလုပ်ဘူး၊ အခြား ကိစ္စတွေလဲ မရှိဘူး” ဟု ၎င်းက ပြောသည်။ (Xinhua)