Connect with us

Politics, Law & Military

ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းစိန်ဦးဆောင်သော ဗဟိုနာယကအဖွဲ့ကို အဖွဲ့ဝင်ကိုးဦးဖြင့် ဖွဲ့စည်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ (၂၀၁၆) ဒုတိယနေ့အခမ်းအနားကျင်းပနေစဉ်( ဓာတ်ပုံ-ဦးအုန်းမြင့်)

ရန်ကုန်၊ သြဂုတ် ၂၃ရက် (ဆင်ဟွာ)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ (၂၀၁၆) ဒုတိယနေ့အခမ်းအနားတွင် သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်သော ဗဟိုနာယကအဖွဲ့ ( ပါတီဗဟိုဦးဆောင်ကော်မတီ)ကို အဖွဲ့ဝင် ကိုးဦးဖြင့် ယနေ့ဖွဲ့စည်းလိုက်သည်။

ဗဟိုနာယကအဖွဲ့ ( ပါတီဗဟိုဦးဆောင်ကော်မတီ)တွင် ယခင် သမ္မတဟောင်း ဦးသိန်းစိန်၊ ယခင် ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး၊ သူရဦးအေးမြင့်၊ ဦးသောင်း၊ဦးစိုးသာ၊ ဦးလွန်းသီ၊ ဦးတင်ထွတ်၊ သူရဦးမြင့်မောင်နှင့် ဦးခင်အောင်မြင့်တို့ဖြင့် ဖွဲ့စည်းရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ (၂၀၁၆) ဒုတိယနေ့အခမ်းအနားတွင် အတည်ပြု ခန့်အပ်လိုက်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ (၂၀၁၆) ဒုတိယနေ့အခမ်းအနားကျင်းပနေစဉ်( ဓာတ်ပုံ-ဦးအုန်းမြင့်)

အဆိုပါ ဗဟိုနာယကအဖွဲ့ ( ပါတီဗဟိုဦးဆောင်ကော်မတီ)သည် ပါတီရှေ့လုပ်ငန်းစဉ်များကို ဦးဆောင်ဦးရွက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့ ခန့်အပ်လိုက်သော ပါတီအတွင်းရေးမှူးတစ်ဦးက ဆိုသည်။ပြည်ခိုင်ဖြိုးပါတီညီလာခံမှ ယနေ့ ရွေးချယ်ခန့်အပ်လိုက်သော ပါတီ ဥက္ကဋ္ဌအဖြစ် ဦးသန်းဌေး ၊ဒုတိယဥက္ကဋ္ဌ အဖြစ် ဦးမြတ်ဟိန်း ၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ဦးသက်နိုင်ဝင်း ၊ အတွင်းရေးမှူးများအဖြစ် ဦးပိုက်ထွေး ၊ဦးသန်ထွန်း၊ ဦးကျော်ကျော်ဌေး ၊ဦးတင်အောင်ချစ်၊ ဒေါက်တာဒေါ်စန်းစန်းနွယ် နှင့် ဦးခင်ရီ (စည်းကမ်းထိန်းသိမ်းရေးအဖွဲ့)၊ ဦးစိုးနိုင် (လုပ်ငန်းစိစစ်ရေးအဖွဲ့)တို့ကို ရွေးချယ်ခန့်အပ်လိုက်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ပါတီဥက္ကဋ္ဌအသီးသီးကိုလည်း အသစ်ထပ်မံခန့်အပ် လိုက်သည်။(Xinhua)