Connect with us

Science & Technology

ပြည်ပ ဖုန်းခေါ်ခ တစ်မိနစ် ၂၀၀ နှုန်းထိ MPT လျှော့ချမည်

မိုဘိုင်းဖုန်းအသုံးပြုနေသူတစ်ဦးကို ရန်ကုန်မြို့ ၌တွေ့ရစဉ်။(ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ နိုင်ငံပေါင်း ၁၇ နိုင်ငံသို့ ဖုန်းခေါ်ဆိုရာတွင် ပြည်ပ ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ၂၀၀ ကျပ်ထိ လျှော့ချပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ထံမှ သိရသည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံ ကိုးနိုင်ငံနှင့် အခြားနိုင်ငံ ရှစ်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံသို့ ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ၂၀၀ ကျပ်အထိ ဇွန်လ ၂၂ ရက်နေ့မှ စတင်၍ လျှော့ချမည် ဖြစ်သည်။

အမေရိကန်၊ ကနေဒါနိုင်ငံသို့ တစ်မိနစ်လျှင် ၂၅၀၊ အာရှနှင့် သမုဒ္ဒရာပိုင်းနိုင်ငံများသို့ တစ်မိနစ်လျှင် ၄၀၀ ကျပ်၊ ဥရောပနိုင်ငံများသို့ တစ်မိနစ် ၆၀၀ကျပ်ထိ လျှော့ချမည်ဖြစ်ပြီး ယခင် တစ်မိနစ်လျှင် ကျပ် ၉၀၀နှင့် ၉၀၀ အထက် ဖုန်းခေါ်ဆိုခရှိသည့် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ မကာအို၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်တို့ကို တစ်မိနစ် ၂၀၀ကျပ်ဖြင့် ခေါ်ဆိုနိုင်မည်ဖြစ်သည်။

Telenor ဖုန်းဖြင့် ပြည်ပသို့ ဖုန်းခေါ်ဆိုရာတွင် ထိုင်းနိုင်ငံသို့ တစ်မိနစ် ၂၀၀ကျပ်၊ စင်ကာပူနိုင်ငံသို့ ၂၀၀ကျပ်၊ မလေးရှားသို့ ၂၀၀ကျပ် ၊ တရုတ်သို့ ၂၀၀ကျပ် နှင့် အမေရိကန်သို့ တစ်မိနစ် ၂၅၀ကျပ်ဖြင့် ခေါ်ဆိုနိုင်ပြီး ooredoo ဖုန်းဖြင့် ထိုင်းနိုင်ငံသို့ တစ်မိနစ် ၂၀၀ကျပ်၊ စင်ကာပူနိုင်ငံသို့ ၂၀၀ကျပ် ၊ မလေးရှားသို့ ၂၀၀ကျပ် ၊ တရုတ်သို့ ၂၀၀ကျပ် နှင့် အမေရိကန်သို့ ၁၀၀ကျပ် ဖြင့် ဖုန်းခေါ်ဆိုနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.