Connect with us

Science & Technology

မိုဘိုင်းဆက်သွယ်ရေးတာဝါများမှပြည်သူသို့သက်ရောက်လျက်ရှိသည့်လျှပ်စစ်သံလိုက်စက်ကွင်းပမာဏအား တိုင်းတာဆောင်ရွက်လျက်ရှိကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနထုတ်ပြန်

မိုဘိုင်းဆက်သွယ်ရေးတာဝါများမှလျှပ်စစ်သံလိုက်စက်ကွင်းပမာဏကိုသိရှိနိုင်ရေး တိုင်းတာရေးလုပ်ငန်းများဆာင်ရွက်စဉ် (ဓာတ်ပုံ--ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

မိုဘိုင်းဆက်သွယ်ရေးတာဝါများမှပြည်သူသို့သက်ရောက်လျက်ရှိသည့်လျှပ်စစ်သံလိုက်စက်ကွင်းပမာဏကိုသိရှိနိုင်ရေး တိုင်းတာရေးလုပ်ငန်းများအားဆာင်ရွက်လျက်ရှိကြောင်း၊ တိုင်းတာတွေ့ရှိသည့် ရလဒ်များအရ ဆက်သွယ်ရေးတာဝါတိုင်များမှ မိုဘိုင်းရေဒီယိုစက်ပစ္စည်းများ၏ EMF သက်ရောက်မှုသည် International Commission on Non – Ionizing Radiation Protection (ICNIRP) ၏ Safety စံသတ်မှတ်ချက် အောက်တွင်သာရှိကြောင်း တွေ့ရှိရသည်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် မြန်မာနိုင်ငံတွင်အသုံးပြုနေသည့် မိုဘိုင်းဆက်သွယ်ရေးတာဝါများရှိ ရေဒီယိုစက်ပစ္စည်းများမှ ထုတ်လွှင့်နေသည့် လျှပ်စစ်သံလိုက်စက်ကွင်း (Electromagnetic Field- EMF) များသည် နိုင်ငံတကာစံသတ်မှတ်ချက်များနှင့် ကိုက်ညီခြင်းရှိ/မရှိ သိရှိနိုင်ရန်အတွက် EMF တိုင်းတာရေးစီမံချက် ရေးဆွဲကာ NARDA Safety Test Solution မှထုတ်လုပ်သည့် EMF Measuring Equipment ဖြင့် EMF တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တိုင်းတာတွေ့ရှိသည့်ရလဒ်များဖြင့် အများပြည်သူသို့ အသိပညာပေးခြင်းများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုဘိုင်းဆက်သွယ်ရေးတာဝါများမှလျှပ်စစ်သံလိုက်စက်ကွင်းပမာဏကိုသိရှိနိုင်ရေး တိုင်းတာရေးလုပ်ငန်းများဆာင်ရွက်စဉ် (ဓာတ်ပုံ–ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန)

ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းတာရေးအဖွဲ့များသည် ၂၀၁၉ ခုနှစ် ၊ (ဇွန်လ မှ ဒီဇင်ဘာလ) အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီနှင့် ချင်းပြည်နယ်တို့ရှိ အများပြည်သူဆိုင်ရာနေရာ Public Area (၁၀)နေရာနှင့် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ၏ တာဝါတိုင်စုစုပေါင်း (၅၁) တိုင်တို့တွင် EMF တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 ဆက်လက်၍ EMF တိုင်းတာရေးလုပ်ငန်းမှ တိုင်းတာတွေ့ရှိသည့် ရလဒ်များပေါ်မူတည်၍ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ၏ တာဝါတိုင်များမှ ရေဒီယိုစက်ပစ္စည်းများ၏ EMF ထုတ်လွှင့်မှုသည် နိုင်ငံတကာစံနှုန်းများနှင့်အညီ အများပြည်သူသို့ သက်ရောက်မှု အနည်းဆုံးဖြစ်စေရန်အတွက် လိုအပ်သည့်နည်းပညာပိုင်းဆိုင်ရာ ချိန်ညှိမှုများပြုလုပ်ရန် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများသို့ ညွှန်ကြားလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117