Connect with us

Science & Technology

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ပျက်စီးလျှက်ရှိသော လမ်းများအား အဆင့်အလိုက် ကွန်ကရစ်လမ်းများ ခင်းမည်

ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးအားတွေရစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ပျက်စီးလျှက်ရှိနေသော လမ်းများအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အဆင့်အလိုက် ကွန်ကရစ်လမ်းများ ခင်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောသည်။

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဆဌမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ အစည်းအဝေးကို မတ်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ယင်းအစည်းအဝေးတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က`ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မဏိစည်သူလမ်း၊ နဝဒေးလမ်း၊ အနော်ရထာလမ်း၊ ပုဂံလမ်း၊ ကျန်စစ်သားလမ်း၊ ဂရုဏာလမ်း၊ ရတနာပုံလမ်း၊ ရာဇာဓိရာဇ်လမ်းတို့မှာ ပျက်စီးလျှက်ရှိနေသောကြောင့် သွားလာရန် ခက်ခဲနေပါသဖြင့် အမြန်ဆုံးလမ်းခင်းပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ’ မေးခွန်းအား မြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ ရှိတဲ့ မဏိစည်သူလမ်း၊ နဝဒေးလမ်း၊ အနော်ရထာလမ်း၊ ပုဂံလမ်း၊ ကျန်စစ်သားလမ်း၊ ဂရုဏာလမ်း၊ ရတနာပုံလမ်းနဲ့ ရာဇာဓိရာဇ်လမ်းတို့ကို ခင်းပေးဖို့ အစီအစဉ်ရှိပါတယ်။ သို့သော်လည်း သက်ဆိုင်ရာ ဘက်ဂျက်မှာ ထည့်သွင်းရေးဆွဲပြီးတော့မှ လုပ်ဆောင်ဖို့ ရှိပါတယ်။ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အတွင်းမှာ ရှိတဲ့ ကျန်စစ်သားလမ်း ဒါကတော့ အမှတ်(၂)လမ်းကနေပြီးတော့ ရတနာပုံလမ်း အရှည်ပေ(၁၁၀၀၀)၊ အကျယ်ကတော့(၁၈)ပေ ရှိတဲ့ ကတ္တရာလမ်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကနေပြီးတော့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ ကျွန်တော်တို့ အဆင့်အလိုက် ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ရန် လျာထားဖို့ ရှိပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ဧပြီလ ကနေပြီးတော့ စက်တင်ဘာလ အတွင်းမှာတော့ ပေ(၅၀၀၀)၊ အကျယ်က(၂၄)ပေနဲ့ အထူက(၉) လက်မ ရှိတဲ့ ကွန်ကရစ်လမ်းအဖြစ် စတင်ပြီးတော့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်’’ဟု မြို့တော်ဝန်က ဖြေကြားခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မဏိစည်သူလမ်းအား ပေအရှည်(၁၇၀၀)ပေ လမ်းအကျယ်(၁၈)ပေနှင့် ထုထည်(၇)ပေရှိ ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်မည် ဖြစ်သည့်အပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး ပုဂံလမ်းနှင့် ရာဇာဓိရာဇ်လမ်းတို့ကို လျာထားဆောင်ရွက်ပေးရန် ရှိကြောင်း၊ နဝဒေးလမ်းအား ပေအရှည်(၃၇၆၂)ပေ၊ အကျယ် (၁၈)ပေ၊ ထုထည်(၇)လက်မ ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ရန် လျာထားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ (၃)နှစ် စီမံကိန်းတွင်လည်း ထည့်သွင်းထားပြီးဖြစ်ကြောင်း၊ ဂရုဏာလမ်းဖြစ်သည့် မြနန္ဒာလမ်း၊ အမှတ်(၂)လမ်းအထိက အရှည်ပေ(၄၂၀၀)ပေ နှင့် ရတနာပုံလမ်းကတော့ ပုဂံလမ်းမှ ချမ်းမြသာစည်လမ်းအထိ အရှည်ပေ (၂၇၀၀)ပေသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကွပ်ကဲမှုအောက်တွင် ရှိသည့် လမ်းအပိုင်း ဖြစ်နေသည့် အတွက်ကြောင့် ကွန်ကရစ်လမ်းအဖြစ် စတင်ဆောင်ရွက်ရန် စီစဉ်နေကြောင်း မြို့တော်ဝန်က ဖြေကြားသည်။

ဆက်လက်ပြီး မြို့တော်ဝန်က“ ဂရုဏာလမ်းနဲ့ အမှတ်(၂)လမ်းကနေ လှော်ကားလမ်းအထိနဲ့ ရတနာပုံလမ်းရဲ့ ကျန်တဲ့ လမ်းအပိုင်းဖြစ်တဲ့ အောင်မြင့်မိုရ်လမ်းကနေ ကျန်စစ်သားလမ်းအထိ အပိုင်းတွေကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးမှု ဦးစီးဌာနရဲ့ အောက်မှာရှိတဲ့ လမ်းအပိုင်းတွေ ဖြစ်တဲ့အတွက်ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရကို တင်ပြပြီး ဘယ်လိုအကောင်အထည်ဖော် ဆောင်ရွက်မယ် ဆိုတာကိုလည်း တင်ပြပေးမယ်” ဟု ပြောသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အတွင်းတွင် လမ်းပေါင်း(၁၂၀၆) လမ်း ရှိသည့်အနက်မှ လမ်းပေါင်း (၅၀၀)ကျော်မှာ တစ်ခါမျှ မခင်းရသေးသည့် မြေသားလမ်းများ ဖြစ်ပြီး ကတ္တရာလမ်း (၂၀၁)လမ်း ရှိကာ ယခုအခါ ပျက်စီးလျှက် ရှိနေပြီး မြို့၏ မဟာဗျူဟာကျသည့် လမ်းမကြီးများ ဖြစ်သည့် အတွက် အမြန်ဆုံးလမ်းခင်းပေးနိုင်ပါရန် အထက်ပါ မေခွန်းအား မေးမြန်းရခြင်း ဖြစ်ကြောင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.