Connect with us

Science & Technology

မကွေးတိုင်းဒေသကြီးတွင် တည်ဆောက်မည့် လေအားလျှပ်စစ်စီမံကိန်း တစ်နှစ်သက်တမ်းတိုး သဘောတူစာချွန်လွှာလက်မှတ်ရေးထိုး

Infra Capital Myanmar-ReEx ကုမ္ပဏီနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ MoU တစ်နှစ် သက်တမ်းတိုး သဘောတူစာချွန်လွှာရေးထိုးပြီးတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီးတွင် Pilot Project အနေဖြင့် မဂ္ဂါဝပ် ၂၆ဝ ကျော် ထုတ်လွှတ်နိုင်မည်

ဖြစ်သော တစ်နိုင်ငံလုံးသို့လွှမ်းခြုံနိုင်မည့် လေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည် ဖော်နိုင်ရေးအတွက် Infra Capital Myanmar-ReEx ကုမ္ပဏီနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ MoU တစ်နှစ် သက်တမ်းတိုး သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ”ကုမ္ပဏီက ၂၆၃ မဂ္ဂါဝပ် ထုတ်နိုင်မယ့် လေအားလျှပ်စစ်တည်ဆောက်ဖို့ မကွေးတိုင်းဒေသကြီးကို လာပြီးကမ်းလှမ်းတယ်၊ ဖြစ်နိုင်ခြေ

ဆန်းစစ်ဖို့အတွက် ကျွန်တော်တို့က တတ်နိုင်သမျှ အကူအညီပေးနေပါတယ်။၂ဝ၁၇ ခုနှစ် ဧပြီ ၄ ရက်မှာ MoU သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်နိုင်ခြေစမ်းသပ်နေတာ တစ်နှစ်ခွဲလောက်ရှိခဲ့ပါပြီ၊ အခု နောက်ထပ်တစ်နှစ် သက်တမ်းတိုးMoU သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးကြတာပါ။ ၂ဝ၂၁ ခုနှစ်မှာ စပြီးတော့ မကွေးတိုင်းဒေသကြီးကနေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုကို Pilot Project (ရှေ့ပြေးစီမံချက်) အနေနဲ့ ဖြန့်ဝေပေးနိုင်မှာဖြစ်လို့ တိုင်းဒေသကြီးအတွက် ဂုဏ်ယူစရာပါ” ဟု ပြောသည်။

ကုမ္ပဏီနှင့် အစိုးရအဖွဲ့တို့ သဘောတူညီချက်အရ ဧရာဝတီမြစ်အနောက်ဘက်ရှိ မင်းလှ၊ မင်းတုန်း၊ ငဖဲ၊ မင်းဘူး၊ ချောက်နှင့် နတ်မောက်မြို့နယ်တို့အနက်မှ ဖြစ်နိုင်ခြေအများဆုံးဟု ယူဆရသည့် မင်းလှမြို့ နယ်၊ မင်းတုန်းမြို့နယ်နှင့် ချောက်မြို့နယ်တို့တွင် လေ့လာမှုများ ပြုနေဆဲ၌MoU သက်တမ်းလိုအပ်လာ၍ သက်တမ်း တစ်နှစ်တိုးပေးခြင်းဖြစ်ကြောင်း သိရသည်။

လေရဟတ်များမှာ ၂၂၅ မီတာခန့်၊ ပေ ၇၅ဝ ခန့်ရှိမည်ဖြစ်၍ နိုင်ငံတကာသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးက အသိအမှတ်ပြုထားသည့် ကုမ္ပဏီများမှ နိုင်ငံခြားသားပညာရှင်များဖြင့် လေ

ရဟတ်ကြီးများ၏ အသံဆူညံမှု၊ ဆောင်းခိုငှက်များ ပျံသန်းရာ လမ်းကြောင်းအပေါ် ထိခိုက်နိုင်မှု၊ မြေအသုံးချသည့်အခါတွင် မြေယာများ ပျက်စီးနိုင်မှု၊ ရာသီဥတု ပြောင်းလဲထိခိုက်နိုင်မှုများ ရှိ၊မရှိ အခြေ အနေများကို လေ့လာဆန်းစစ်လျက်ရှိပြီး ပြည့်ဖြိုးမြဲစွမ်းအင်တစ်ရပ်ဖြစ်၍ ထိခိုက်ဆုံးရှုံးနိုင်ခြေ နည်းပါးစွာဖြင့် အခြား စွမ်းအင်အရင်းအမြစ်များထက် ကုန်ကျမှု လည်းသက်သာ၊ အချိန်လည်း မြန်ဆန် မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေအားလျှပ်စစ်စီမံကိန်း အကောင်အထည် ပေါ်လာပြီဆိုပါက မကွေးတိုင်းဒေသကြီးတစ်ခုလုံး တစ်နှစ်စာအသုံးပြုနိုင်သည့် လျှပ်စစ်ပမာဏထက် ကျော်လွန်ရရှိမည်ဖြစ်ကြောင်း ကြေးမုံသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.