Connect with us

Science & Technology

လှော်ကား ဓာတ်အားပေး စက်ရုံ စက်စွမ်းအားပြည့် မောင်းနှင် ဓာတ်အား ထုတ်လုပ်နိုင်ရန် သဘောတူ စာချုပ် လက်မှတ် ရေးထိုး

ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)

လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း နှင့် Golden Green Energy Co., Ltd တို့ အကြား လှော်ကားဓာတ်အားပေးစက်ရုံအား စက်စွမ်းအား ပြည့်မောင်းနှင် ဓာတ်အား ထုတ်လုပ် နိုင်ရန် အတွက် Rehabilitation, Joint-Operation, Maintenance and Management (ROMM) စနစ်ဖြင့် လုပ်ငန်းအပ်နှံခြင်း သဘောတူ စာချုပ်အား နိုဝင်ဘာ ၃၀ ရက်တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လှော်ကားဓာတ်အားပေးစက်ရုံသည် ရန်ကုန်တိုင်း ဒေသကြီး အတွင်း အရေးပါသော ဓာတ်အားပေးစက်ရုံများအနက် ၁ ရုံ ဖြစ်ကြောင်း ၊ အဆိုပါ ဓာတ်အားပေး စက်ရုံ သည် ၁၉၉၅ ခုနှစ်တွင် စီးပွားဖြစ် စတင် လည်ပတ် ခဲ့ပြီး ယခုအခါ သက်တမ်း ၂၂ နှစ် ခန့်ရှိ၍ စက်စွမ်းအင် ကျဆင်း လျက် ရှိပြီး တပ်ဆင်အင်အား (၁၅၄) မဂ္ဂါဝပ် ရှိသော်လည်း ပျမ်းမျှ ဓာတ်အား (၇၀) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ် ပေးနိုင် သဖြင့် အဆင့်မြှင့်တင်၍ အကြီးစား ပြင်ဆင်ရန် လိုအပ်လျက် ရှိကြောင်း ပြောကြားခဲ့သည်။

ယခုကဲ့သို့ လှော်ကားဓာတ်အား ပေးစက်ရုံကို Golden Green Energy Co., Ltd ဖြင့် ပြုပြင် အဆင့်မြှင့်တင်ခြင်း အားဖြင့် တစ်ရက်လျှင် ၃၃၆,၀၀၀ ကီလိုဝပ် နာရီ ပိုမို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက်လိုအပ်သည့် ဓာတ်အားကို အချိန်တိုအတွင်း တစ်ထောင့်တစ်နေရာမှ အထောက်အပံ့ ရရှိနိုင်မည်ဖြစ်ပြီး ၂၀၁၉ နွေရာသီ အမီ စက်များ ပြုပြင်ပြီးစီး၍ ဓာတ်အား တိုးမြှင့်ထုတ်လုပ် နိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကုမ္ပဏီ အနေဖြင့် စာချုပ်ပါသတ်မှတ် ချက်များနှင့်အညီ ပထမဆင့် ၅၉ မဂ္ဂါဝပ်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၉ ရက် တွင် လည်းကောင်း ၊ ဒုတိယအဆင့် ၈၄ မဂ္ဂါဝပ်ကို မေ ၁၉ ရက်တွင် လည်းကောင်း စီးပွားဖြစ် စတင် ဓာတ်အား ထုတ်နိုင်ရန် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း စာချုပ်သက်တမ်း (၁၀) နှစ်အတွင်း စက်များအားလုံးကို စက်စွမ်းရည် ကောင်းမွန်အောင် ကုမ္ပဏီမှ ROMM စနစ်ဖြင့်ပြုပြင်ထိန်းသိမ်း မောင်းနှင်ခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက် မည်ဖြစ်ခြင်းကြောင့် စက်များ၏ သက်တမ်းပိုမို ကြာရှည်စွာ အသုံးပြုနိုင်ခြင်း၊ ဓာတ်အားပိုမို ထုတ်လုပ်နိုင်ခြင်း သက်ဆိုင်ရာ ဒေသရှိပြည်သူများကို လုပ်ငန်းအဖွဲ့အစည်းများ၏ လူမှုရေး တာဝန်ကျေပွန်မှု ကဏ္ဍဆိုင်ရာရန်ပုံငွေ (CSR Fund) အဖြစ်ကုမ္ပဏီ အကျိုးအမြတ်၏ ၂% အားအသုံးပြုပေးသွားမည် ဖြစ်ခြင်းကြောင့် နိုင်ငံတော်နှင့်ဒေသခံများ အတွက် အကျိုးရှိစေမည့် စီမံကိန်း ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

လုပ်ငန်းအပ်နှံမှုသဘောတူ စာချုပ်ပေါ်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့် Golden Green Energy Co., Ltd ၏CEO ဦးခိုင်ဦးတို့က လက်မှတ်ရေးထိုး၍ အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.