Connect with us

Science & Technology

သီလဝါဆိပ်ခံတံတား အမြန်ဆုံးတည်ဆောက် ဖွင့်လှစ်နိုင်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

ဆိပ်ကမ်းလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်း အဝေးကျင်းပစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်ဆိပ်ကမ်း (သီလဝါဒေသ) တွင် ဆိပ်ခံတံတားများ တည်ဆောက်ရန် မြေကွက်ရယူထားသော လုပ်ငန်းစတင်ရန် ဆောင်ရွက်ဆဲ၊ လုပ်ငန်းများ လုပ်ဆောင်နေဆဲကုမ္ပဏီများအနေဖြင့် ဆိပ်ခံတံတားများ အမြန်ဆုံးတည်ဆောက် ဖွင့်လှစ်သွားရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က တိုက်တွန်းပြောကြားခဲ့သည်။

ဆိပ်ကမ်းလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို မတ် ၂၄ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး၌ ကျင်းပစဉ် ပြည်ထောင်စု ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ အခြေအနေတွင် ပို့ကုန် သွင်းကုန် လုပ်ငန်း ၉ဝ ရာခိုင်နှုန်းကို ရန်ကုန်ဆိပ်ကမ်းမှ ပြုလုပ်လျက်ရှိ ကြောင်း၊ ယခုအခါ ရန်ကုန်ဆိပ်ကမ်းမှ ပို့ကုန် သွင်းကုန်လုပ်ငန်းများ ဆောင်ရွက် မှု တစ်နှစ်ထက်တစ်နှစ် များပြားလာ ကြောင်း၊ ပြီးခဲ့သည့်နှစ်အတွင်း ဆန်တန် ချိန် သုံးသန်းကျော် တင်ပို့ရာတွင် ၁ ဒသမ ၆ သန်းကို ဆူးလေဆိပ်ကမ်းမှ တင်ပို့ခဲ့ ကြောင်း၊၂ဝ၂ဝ အရောက်တွင် ရန်ကုန် ဆိပ်ကမ်းမှ ဆန်တန်ချိန် လေးသန်းအထိ တင်ပို့နိုင်ရန် ခန့်မှန်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဆိုသည်။

ယင်း အတွက် သီလဝါဆိပ်ကမ်းတွင် ဆောင်ရွက်နေသော ဆိပ်ခံတံတား တည်ဆောက်ရေးလုပ်ငန်းများ ဆောလျင် စွာ တည်ဆောက်ပြီးစီးအောင် ဆောင် ရွက်ရန် လိုအပ်ကြောင်း အစည်းအဝေးသို့ တက်ရောက်လာသော ဆိပ်ခံတံတား တည်ဆောက်ရေး စီမံကိန်းအသီးသီးမှ အမှုဆောင်ဒါရိုက်တာများ၊ မန်နေဂျင်း ဒါရိုက်တာများ၊ ဒါရိုက်တာများအား ပြည်ထောင်စုဝန်ကြီးက တိုက်တွန်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ရန်ကုန်ဆိပ်ကမ်း သီလဝါဧရိယာ တွင် အထွေထွေ ကုန်စည်သေတ္တာ တံတား၊ စက်သုံးဆီ၊ သဘာဝဓာတ်ငွေ့၊ ကတ္တရာ တံတား၊ ကောက်ပဲသီးနှံတံတား၊ စားသုံး ဆီတံတားတို့အပါအဝင် စုစုပေါင်း အကွက် ၃၇ ခုတွင် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ လုပ်ငန်းများအလိုက် ၃ဝ ရာခိုင်နှုန်း၊ ၅ဝ ရာခိုင်နှုန်း၊ ၉ဝ ရာခိုင်နှုန်း အစရှိသဖြင့် ပြီးစီးလျက်ရှိကြောင်း၊ လုပ်ငန်းအများစု မှာ ၂ဝ၁၉ ခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန် ခန့်မှန်းထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.