Connect with us

Media

တရုတ်နိုင်ငံက ပထမဆုံး မိုးပျံ သံလိုက်ရထားလမ်းတည်ဆောက်

ကျန်းရှီး၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံးအဖြစ် အမှီအခိုကင်းစွာဖြင့် တည်ဆောက်ထားသော သံလိုက်ဆွဲငင်အား နည်းပညာ (PML) သုံး မိုးပျံသံလိုက်ရထားလမ်းကို ဩဂုတ် ၉ ရက်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။

Rainbow ဟုအမည်ပေးထားသည့် သံလိုက်ရထားလမ်းသည် ၈၀၀ မီတာခန့်ရှည်လျားပြီး တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းရှီးပြည်နယ် Xingguo ကောင်တီတွင် တည်ဆောက်ထားသည်။

စမ်းသပ်ပြေးဆွဲမည့် ရထားလမ်းအား ကျန်းရှီး သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၊ တရုတ်နိုင်ငံ China Railway Liuyuan Group (CRL Group) ၊ China Railway Hi-Tech Industry ကုမ္ပဏီလီမိတက်နှင့် China National Rare Earth Functional Material Innovation Center တို့ ပူးပေါင်းထုတ်လုပ်ခြင်းဖြစ်ပြီး မြန်နှုန်း နှင့် ပမာဏအားဖြင့် အလယ်အလတ် နှင့်အနိမ့်ဆုံး ရှိသည့် သံလိုက်ရထားများပြေးဆွဲနိုင်ရန်ထုတ်လုပ်ထားသည်။

သတ်မှတ်ထားသော အမြင့်ဆုံးအရှိန်နှုန်း တစ်နာရီလျှင် ၈၀ ကီလိုမီတာရှိသည့် အဆိုပါ ရထားလမ်းစနစ်တွင် လက်ရှိ သံလိုက်ရထား တွဲ ၂တွဲ  ပြေးဆွဲနိုင်မည်ဖြစ်ပြီး လူပေါင်း ၈၈ ဦးကို တင်ဆောင်နိုင်မည်ဖြစ်သည်။ ရထားဖြတ်သန်းမောင်းနှင်ရေးစနစ်၌ BeiDou ဂြိုဟ်တု တည်နေရာညွှန်ပြစနစ်၊ 5G နည်းပညာနှင့် အသိဉာဏ်ရှိအာရုံခံစနစ်နည်းပညာများ ထည့်သွင်းထားသည်။

ရှားပါးသည့် PML နည်းပညာကို ထည့်သွင်းထားသော ရထားလမ်းကြောင်းများတွင် မိုးပျံရထား အနေအထားဖြင့် ပြေးဆွဲမည့် ရထားများကြောင့် စွမ်းအင်ချွေတာမှုရှိစေမည့်အပြင် ပတ်ဝန်းကျင်နှင့်လည်း သဟဇာတ ဖြစ်စေနိုင်သည်။

ကျန်းရှီး သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ Yang Jie ဆိုသူက “Rainbow သံလိုက်ရထားလိုင်းဟာ သံလမ်းတစ်ကြောင်းတည်းပြေးဆွဲတဲ့နိုင်တဲ့ ရထားလမ်းပုံစံနဲ့   ခိုင်ခံ့တဲ့  မိုးပျံသံလိုက်ရထား နည်းပညာတို့ကို ပြည့်စုံစွာပေါင်းစပ်တည်ဆောက်ထားတာဖြစ်ပါတယ်၊  သံလမ်းတစ်ကြောင်းတည်းပြေးဆွဲတဲ့ မိုးပျံရထားမှာ အကျိုးကျေးဇူးများစွာရှိပါတယ်၊ အဲဒီရထားတွေအတွက် မြေပြင်နေရာအကျယ်ကြီးမလိုအပ်သလို၊ လမ်းကြောင်းကလည်း သီးခြားပြေးဆွဲနိုင်တဲ့အပြင် ကုန်ကျစရိတ်လည်းသက်သာစေပါတယ်” ဟု ဆိုသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117